Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျူးဘားနိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ၅ဝဝ ရာခိုင်နှုန်း တိုးမြှင့်ရောင်းချမယ်

ဂျန်ဇက် (NSS) - ဇန်နဝါရီ ၉ 

ငွေကြေးထောင်ချောက်နဲ့ရင်ဆိုင်နေရတဲ့ ကျူးဘားအစိုးရက ၎င်းတို့အနေနဲ့ လာမယ့်ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး လောင်စာဆီဈေးနှုန်းကို ၅ဝဝ ရာခိုင်နှုန်းတိုးမြှင့်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုကိုရင်ဆိုင်နေရတဲ့ ကျူးဘားအစိုးရဟာ လိုငွေပြမှုတွေကို လျော့ချနိုင်ဖို့ ရည်ရွယ်ချက် နဲ့ စီးပွားရေးအစီအစဉ်များကို အပြောင်းအလဲလုပ်ဆောင်ဖို့ ပြင်ဆင်နေရာ လောင်စာဆီဈေးနှုန်းကိုလည်း ယခင်ထက် တိုးမြှင့်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။


ဓါတ်ဆီတစ်လီတာကို ယခင်က ၂၅ ပီဆိုသာ ကောက်ခံခဲ့ပေမယ့် ၁၃၂ ပီဆိုအထိ တိုးမြှင့်ရောင်းချသွားမှာဖြစ်သလို ပရီမီယံဓါတ်ဆီတစ်လီတာကို ယခင်က ၃ဝ ပီဆိုနှုန်းသာ ရောင်းချပေမယ့် ၁၅၆ ပီဆိုအထိ တိုးမြှင့်ရောင်းချသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ကျူးဘားနိုင်ငံဟာ လောင်စာဆီတွေအတွက် နိုင်ငံခြားငွေကြေးပေးချေဖို့ ရုန်းကန် နေရကြောင်း သိရပါတယ်။

ကျူးဘားနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာနေ ကြောင်း သိရပါတယ်။ ကျူးဘားစီးပွားရေးဝန်ကြီး Alejandro Gil  က အစိုးရဟာ လောင်စာဆီတွေကို အရှုံးခံကာ ဈေးလျော့ရောင်းချပေးဖို့ အချိန်အတန်ကြာလုပ်ဆောင်နိုင်မှာမဟုတ်ကြောင်း၊ ကျူးဘားနိုင်ငံဟာ နိုင်ငံခြား ငွေကြေး လိုအပ်ချက်ရှိနေတဲ့အပြင် အမေရိကန်အစိုးရရဲ့ဆယ်စုနှစ်နဲ့ချီပြီး ပိတ်ဆို့မှုတွေချမှတ်ခဲ့ခြင်းကြောင့် လောင်စာဆီတွေကို ဈေးပေါပေါနဲ့ရောင်းချပေးနိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။ 

ကျူးဘားစီးပွားရေးဝန်ကြီးက "ကျူးဘားနိုင်ငံဟာ လောင်စာဆီဈေးနှုန်းတွေကို အလွန်ဈေးပေါတဲ့နှုန်းနဲ့ ရောင်းချပေးမှာ မဟုတ်ဘူး။ ကျူးဘားနိုင်ငံမှာ ရောင်းချတဲ့ လောင်စာဆီဈေးနှုန်းဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင် များစွာ ဈေးအနိမ့်ဆုံးဖြစ်နေတယ်။ လက်ရှိအချိန်မှာတော့ လောင်စာဆီဈေးနှုန်းတွေကို ယခင်နှုန်းအတိုင်း မရောင်းချပေးနိုင်တော့ဘူး" လို့ ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာ့အရေးတွင် အပြု သဘောဖြင့် ကောင်းမွန်စွာထိတွေ့ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးပါတီ တာဝန်ရှိသူပြော

RECENT POSTS
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved