ကွန်ဟိန်းမြို့နယ်တွင် ကျပ်သိန်း ၆၅၀၀ ကျော်တန်ဖိုးရှိ Happy Water များနှင့်အတူ သေနတ်(၁)လက် ဖမ်းဆီးရမိ
Pearl (NSS) - ဇန်နဝါရီ ၉
ကွန်ဟိန်းမြို့နယ်တွင် ကျပ်သိန်း ၆၅၀၀ ကျော်တန်ဖိုးရှိ Happy Water များနှင့်အတူ သေနတ် (၁)လက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ရဲတပ် ဖွဲ့ထံမှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများအား ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်၊ နံနက် ၈ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာကော်ကျေး ရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေမှုများပြု လုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ မျိုးသက်ကို မောင်းနှင်လာသည့် PROBOX အမျိုးအစား မော် တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၅ ဒသမ ၉၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၅၄၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူဖြစ်သည့် စိုင်းကောရ(ခ) စိုင်းခမ်းမတ်အား နမ့်စန်မြို့အဝင်၊ နမ့်စန်-ခိုလမ်သွားကားလမ်းတွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ခြောက် လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၂၃ တောင့်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထား သည်။
ထို့ပြင် ပူးပေါင်းပါဝင်သူဖြစ်သည့် မိုးသက်ကို(ခ)ဘိုင်ဘိုင်းကိုလည်း လွိုင်လင်မြို့၊ ရပ်ကွက်(၂)ရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မျိုးသက်ကို(၃၇)နှစ်၊ စိုင်းကောရ(ခ)စိုင်းခမ်းမတ် (၂၉)နှစ်နှင့် မိုးသက်ကို(ခ)ဘိုင်ဘိုင်း(၂၆)နှစ်တို့အား နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျူးဘားနိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ၅ဝဝ ရာခိုင်နှုန်း တိုးမြှင့်ရောင်းချမယ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ