ထိုင်းနိုင်ငံတွင်နေထိုင်နေသည့် အသက် ၁၉ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသတ်သေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၉
ထိုင်းနိုင်ငံ ဖူးခက်မြို့ ကာမာလာအရပ်ဒေသတွင်နေထိုင်နေသည့် မြန်မာမိသားစုဝင် အမျိုးသမီးငယ်တစ်ဦးသည် မိဘဖြစ်သူများ နှင့် စိတ်ဆိုးစကားများရာမှ ဇန်နဝါရီ ၆ ရက်တွင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သတ်သေ သွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အသက် ၁၉ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး သေကြောင်းကြံစည်သတ်သေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီး နောက် ကာမာလာ ရဲစခန်းမှရဲမှူးကြီး ပီမာနက်ဒင်ကာမန် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဝန်များ နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီးသည် အသက် ၁၉ နှစ်အရွယ်ရှိ အေးမွန်ဆန် ဆိုသူဖြစ်ပြီး မိဘဖြစ်သူများ နှင့် စိတ်ဆိုးဒေါသဖြစ်ကာ အရှည် ၉ဝ စင်တီမီတာရှိ ကြိုးနှင့် ကြိုးဆွဲချသတ်သေသည့် ပုံစံမျိုးကိုတွေ့မြင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါအမျိုးသမီးငယ်၏ ရုပ်အလောင်းနားတွင် ဖခင်ဖြစ်သူ အောင်ဆန်းဦးနှင့် မိခင်ဖြစ်သူ စိုးစိုးတို့ကိုလည်း ငိုကြွေးနေသည့် ပုံစံမျိုးဖြင့်တွေ့မြင်ခဲ့ကြောင်း သိရသည်။ အေးမွန်ဆန်သည် အိမ်ခေါင်မိုးတွင် ကြိုးချည်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သတ်သေခဲ့ခြင်းမျိုးဖြစ်ကြောင်း သေကြောင်းကြံစည်ရာတွင် ကြိုး၏ အထူက သုည ဒသမ ငါး စင်တီမီတာရှိကြောင်း သိရသည်။
အေးမွန်ဆန်သည် အလှကုန်ပစ္စည်းများ ဝယ်ယူရန်အတွက် မိဘများထံမှ ငွေကြေးတောင်းခံရာတွင် လုံလောက်သော ငွေကြေးမျိုးမရသည့်အတွက် မိဘများအပေါ် စိတ်ဆိုးကာ သေကြောင်းကြံစည်ခြင်းဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။ အဆိုပါမြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို ဖူးခက်ဆေးရုံကို တင်ပို့ပြီး အသေးစိတ် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ တစ်စုံတစ်ဦးက တိုက်ခိုက်ခံရသည့်ပုံစံမျိုးမရှိကြောင်း မူခင်းဆရာဝန်များ က ပြောသည်။
သေဆုံးသူ မြန်မာအမျိုးသမီး၏ ဖခင်ဖြစ်သူက ဇန်နဝါရီ ၆ ရက် နံနက် ၇ နာရီတွင် အလုပ်သွားခဲ့ပြီး နေ့လည် ၁၂ နာရီ ၃ဝ မိနစ်တွင် သမီးဖြစ်သူကို ဖုန်းခေါ်ဆိုခဲ့ရာ တုံ့ပြန်ဖြေဆိုသံမရခဲ့ကြောင်း၊ ညဖက် ၈ နာရီတွင် အလုပ်မှ အိမ် ကိုပြန်လာချိန်တွင် သမီးဖြစ်သူကိုရှာဖွေခဲ့ရာ အခန်းထဲတွင် ကြိုးဆွဲချသေဆုံးနေခြင်းကို တွေ့မြင်ခဲ့ရကြောင်း ပြော သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်းအတွင်းရှိ PDF အဖွဲ့ဝင်(၈)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဟု နစက ထုတ်ပြန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ