မော်လမြိုင်မြို့၌ ဓာတ်ကြိုးပြုပြင်ရာမှ ဆယ်ကျော်သက်အရွယ်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဓာတ်ကြိုးပြုပြင်ရာမှ ဆယ်ကျော်သက်အရွယ်အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဓာတ်လိုက်သေဆုံးမှုသည် ယမန်နေ့(ဇန်နဝါရီလ ၇ ရက်)၊ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဓာတ်လိုက်ဆုံးသွားတဲ့ ကောင်လေးက ရေစုပ်စက်ကနေရေတင်ဖို့လုပ်နေတုန်း ဓာတ်ကြိုးမကောင်းလို့ ပြင်နေရင်း ကနေဖြစ်တာ။ ဓာတ်ကြိုးပြင်တာကလည်း ပလပ်ကိုဖြုတ်ပြီး မပြင်တော့ ဓာတ်လိုက်တာပါ” ဟု ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဓာတ်လိုက်သေဆုံးသူအမျိုးသားမှာ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ဓာတ်လိုက်မှုကြောင့် ဆေးရုံသို့ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မော်လမြိုင်မှာက အခုလိုဖြစ်စဉ်က တော်တော်ရှားပါတယ်။ တော်တော်များများက သုံးရေကို မော်တာနဲ့ တင်ကြတာဆိုတော့ Main တင်လိုက်တာနဲ့ ရတယ်လေ။ ဓာတ်အားကြိုးကြီးတွေကြောင့် ဓာတ်လိုက် သေဆုံးတာတွေပဲဖြစ်လေ့ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲမှ မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပျောက်ဆုံးနေသူအရေအတွက် ပိုမိုမြင့်တက်လာနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ