ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပျောက်ဆုံးနေသူအရေအတွက် ပိုမိုမြင့်တက်လာနေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၈
ဂျပန်နိုင်ငံမှာ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပျောက်ဆုံးသူအရေအတွက် ထပ်မံမြင့် တက်လာနေပြီး အနည်းဆုံး ၃၂၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူအရေအတွက်ဟာ ၁ဝ၃ ဦးသာရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပေမယ့် သီတင်းပတ်တစ်ပတ်ကြာချိန်မှာ သေဆုံးသူက သုံးဆကျော် မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
ငလျင်ကြောင့် ပျောက်ဆုံးနေသူအများစုဟာ ဝါဂျီမာဒေသကဖြစ်ပြီး ငလျင်စတင်လှုပ်ခတ်ချိန်က အဲဒီဒေသမှာ ပျောက်ဆုံးသူ ၃၁ ဦးသာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ ၂၈၁ ဦး ပျောက်ဆုံးနေခဲ့ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံမှာ ဇန်နဝါရီ ၁ ရက်က အင်အား ၇ ဒသမ ၆ မဂ္ဂနီကျူအဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါငလျင်ကြောင့် သေဆုံးသူအရေအတွက်ကလည်း မြင့်တက်လာနေပြီး အနည်းဆုံး ၁၆၁ ဦး သေဆုံးခဲ့သလို လူပေါင်း ၆ဝဝ နီးပါးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ငလျင်ကြောင့် သေဆုံး၊ ပျောက်ဆုံးမှုများ အပါအဝင် ထိခိုက်ပျက်စီးမှုများဒဏ်ကို ဆူဇူဒေသနဲ့ ဝါဂျီမာဒေသတို့က အများဆုံးတွေ့ကြုံခံစားခဲ့ရကြောင်း ဂျပန်အာဏာပိုင်တွေက ဖော်ပြထားပါတယ်။ ဂျပန်အာဏာပိုင်တွေဟာ ငလျင်ဒဏ်တွေ့ကြုံခံစားခဲ့ရတဲ့ ဒေသခံတွေကို ဂရုစိုက်သတိထားဖို့ နဲ့ အဆောက်အဦးတွေ ပြိုကျပျက်စီးမှုတွေ ထပ်မံဖြစ်လာဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်အာဏာပိုင်တွေဟာ ဆူနာမီ ဝင်ရောက်မှုတွေ ထပ်မံဖြစ်လာဖွယ်ရှိ နေကြောင်း သတိပေးခဲ့ရပါတယ်။ ရာသီဥတု ဆိုးရွားမှုတွေရှိနေခြင်းကြောင့် ဂျပန်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရှာဖွေကယ်တင်ရေးလုပ်ငန်းတွေကို အရှိန်မြင့်လုပ်ဆောင်ဖို့အခက်အခဲတွေ ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ YBS ယာဉ်စီးခကို QR Code ဖြင့် ပေးချေနိုင်မည့် Application ကို စတင်မိတ်ဆက်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း