သင်္ဃန်းကျွန်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လိုင်းခန်း (၃)ခန်း မီးလောင်ပျက်စီး
စော (NSS) - ဇန်နဝါရီ ၆
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လိုင်းခန်း (၃)ခန်း မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၆ ရက်)၊ နံနက် (၆)နာရီဝန်းကျင်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မီးဒုံး(၅)လမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မီးလောင်ရတဲ့အကြောင်းအရင်းကို မီးသတ်ကတော့ စုံစမ်းနေဆဲပါ။ အခုထိတော့ အဖြေမရသေးဘူး။ မီးလောင်တော့ လိုင်းခန်း(၃)ခန်းပျက်စီးသွားတယ်။ အရင်တုန်းက သုဝဏ္ဏမြို့ဆောက်တဲ့ အိုးအိမ်လိုင်းခန်းတွေပါ”ဟု ဆန်ရေလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း နေအိမ်လိုင်းခန်း(၃)ခန်းမီးလောင်ပျက်စီး ဆုံးရှုံးသွားကြောင်း သိရသည်။
“Bluetooth box ကနေ လောင်တယ်ကြားတယ်။ ဝါယာလျှော့ ပုံစံမျိုးပေါ့”ဟု အနီးရှိ ဒေသခံတစ်ဦးက NSS ကိုပြောသည်။
လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရခြင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးများကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူ ၁၇ လိဂ်ပြိုင်ပွဲမှ အသက်ကန့်သတ်ချက်ကျော်လွန်သည့် ကစားသမားများကို ထုတ်ပယ်ကာ အနိုင်ရလဒ်များကို ဖျက်သိမ်းခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ