ကားလမ်းဘေးရှိ အုတ်နံရံ၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့
သန့်ဇင် (NSS) - ဇန်နဝါရီ ၆
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ကားလမ်းဘေးရှိ အုတ်နံရံ၌ အမျိုး သားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ဒီဃယုကလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၅ ရက်)၊ ည ၈နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ကျောက်တိုင်မှတ်တိုင်အနီးရှိ အုတ်နံရံ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်လိုဖြစ်တာလဲတော့ မသိခဲ့ရဘူးဗျ။ တွေ့တဲ့လူတွေက အကြောင်း ကြားတော့ ကျွန်တော်တို့ သွားတဲ့အချိန် အုတ်နံရံမှာတွေ့တာပါ။ မိသားစုနဲ့လည်း အဆက်သွယ်မရသေးပါဘူး”ဟု ဒီဃယုကလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အထက်ပါဖြစ်စဉ်တွင် သေဆုံးသူအမျိုးသားသည် အသက်(၃၀)နှစ်အရွယ်ခန့်ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်အသွယ် မရရှိသေးကြောင်း အထက်ပါအသင်းမှ ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား Happy Rescue အသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၄ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၄)ခုကို စတင်ခွင့်ပြု
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ