အင်းစိန်မြို့နယ်၌ ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လက်ဖက်ရည်ဆိုင် နှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၅
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ဖယောင်းတိုင်မီးမှ တစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ လက်ဖက်ရည်ဆိုင်နှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းတွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၄ ရက်)၊ ည ၁၀ နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ပြည်တော်သာမှတ်တိုင်အနီးရှိ အောင်ရိပ်သစ်လက်ဖက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အောင်ရိပ်သစ် လက်ဖက်ရည်ဆိုင်အနောက်က အလုပ်သမားတန်းလျားမှာ ဖယောင်းတိုင်ထွန်းထားရင်းကနေ စလောင်တာပါ။ အဲဒီကနေမှတစ်ဆင့် ဂတ်စ်အိုးတွေကနေပြီးတော့ အကုန်လောင်သွားတာပေါ့” ဟု တွဲလက်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း အောင်ရိပ်သစ်လက်ဖက်ရည်ဆိုင်၊ လူနေအိမ် နှင့် အလုပ်သမားတန်းလျားတစ်ခုလုံးမီး လောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“အောင်ရိပ်သစ်လက်ဖက်ရည်ဆိုင်ရှိတဲ့ တစ်ခြံလုံးလောင်သွားတာ။ လက်ဖက်ရည်ဆိုင်ရယ်။ အိမ်နဲ့ အလုပ်သမားနေတဲ့နေရာတွေအကုန်လောင်သွားတာပေါ့။ ဘေးတော့မီးမကူးဘူး။ လူထိခိုက်တာလည်း မရှိပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုအား အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားလူမှုကူညီရေးအသင်းများပူးပေါင်းကာ တစ်နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ပြီးနောက် မီးလောင်ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“အဓိကအကြံပြုချင်တာကတော့ မီးမပေါ့ဆဖို့ပါပဲ။ ပြီးတော့မီးလာတဲ့အချိန်တွေမှာ ဖယောင်းတိုင်သုံးရင်လည်း ကလေးတွေနဲ့ လွှတ်မထားစေချင်ဘူး။ လျှပ်စစ်မီးဆိုရင်လည်း ဂရုစိုက်ပြီးသုံးရမှာပေါ့”ဟု အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ယမန်နေ့(ဇန်နဝါရီလ ၄ ရက်)၊ ည ၁၀ နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ အောင်ကုသိုလ် (၁)လမ်း၌ နေအိမ်တစ်လုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးချုပ်ဟောင်းနှစ်ဦး အကြိတ်အနယ်ယှဉ်ပြိုင်ဖွယ်ရှိရာမှ ပြောင်းလဲလာသည့် ပါကစ္စတန်ရွေးကောက်ပွဲအကြို နိုင်ငံရေးအခင်းအကျင်း (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ