Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝန်ကြီးချုပ်ဟောင်းနှစ်ဦး အကြိတ်အနယ်ယှဉ်ပြိုင်ဖွယ်ရှိရာမှ ပြောင်းလဲလာသည့် ပါကစ္စတန်ရွေးကောက်ပွဲအကြို နိုင်ငံရေးအခင်းအကျင်း (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဇန်နဝါရီ ၅ 

ပါကစ္စတန်နိုင်ငံက လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါ တယ်။ သတ်မှတ်ရက် တဖြည်းဖြည်းနီးကပ်လာနေချိန် ပါကစ္စတန်ရဲ့နိုင်ငံရေးအခင်းအကျင်းဟာ ဆန့်ကျင်ကွဲလွဲမှု များ မရေရာမသေချာမှုများနဲ့ အလျှံငြီးငြီး တောက်လောင်နေတယ်လို့ အိန္ဒိယ မွမ်ဘိုင်းအခြေစိုက် ဖတ်စ်_ပို့စ် မီဒီယာက ဇန်နဝါရီလ ၄ ရက်မှာ ရေးသားခဲ့ပါတယ်။ 

လက်ရှိရွေးကောက်ပွဲဟာ အင်မရန်ခန်းနဲ့ န၀ပ်ဖ်_ရှရစ်ဖ်တို့လို အထင်ကရ ပုဂ္ဂိုလ်နှစ်ဦးတို့က ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမယ့် တကယ့်ပွဲကြီး ပွဲကောင်းအဖြစ် ယခင်လူအများ မျှော်လင့်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ရွေးကောက် ပွဲလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး မကြာသေးမီက ပြောင်းလဲဖြစ်ပေါ်မှုများဟာ ပါကစ္စတန်နိုင်ငံရဲ့ဒီမိုကရေစီ ခရီးလမ်းကြောင်းမှာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှုပ်ထွေးမှု အလွှာသစ် တစ်ခု ထပ်မံပေါ်လာခဲ့ပါတယ်။

“ပါကစ္စတန်တရားမျှတရေး လှုပ်ရှားမှု” တာရစ်_အီး_အင်ဆပ်ဖ် PTI ပါတီကို ခရစ်ကက်အားကစားကြယ်ပွင့် အင်မရန်_ခန်းက ၁၉၉၆ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ် သြဂုတ်လမှ ၂ဝ၂၂ ခုနှစ် ဧပြီလအထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ခန်းဟာ ပါလီမန်အယုံအကြည်မရှိ အဆိုကို ရှုံးနိမ့်ခြင်းဖြင့် ဖြုတ်ချအာဏာသိမ်းခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလ ပန်ဂျပ်ပြည်နယ် နိုင်ငံရေးချီတက်ပွဲမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့ပါတယ်။ နောက်ဆက်တွဲ နိုင်ငံတော်လက်ဆောင်ပစ္စည်းများအပေါ် မလျှော်မကန် အာဏာသုံးမှု စွဲချက်များဖြင့် ထောင်သွင်းအကျဉ်းချခံခဲ့ရပြီး ရုံးပြင်ကန္နားတရားရေးဆိုင်ရာ ပဋိပက္ခများနဲ့ လုံးထွေးနေခဲ့ပါတယ်။ ခန်းရဲ့ ကနဦးပြစ်ဒဏ်ကို ဆိုင်းငံ့ပေးထားပေမယ့် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု အပါအ၀င် အခြားပြစ်မှု များအတွက် ရုံးတင်စစ်ဆေးခြင်းခံယူဖို့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

PTI အကြီးတန်းနိုင်ငံရေးသမားအချို့ကိုယ်တိုင် ဘက်ပြောင်းသွားခြင်း၊ သူနဲ့ ခပ်ကင်းကင်းနေလာခြင်းတို့ကို တွေ့မြင်လာရပြီး အချို့သော သစ္စာစောင့်သိသူများကတော့ အချုပ်ခန်းသံတိုင်ကြားမှာ ဆက်လက်ကျန်ရှိနေပါ တယ်။ 

အံ့သြစရာကောင်းတဲ့အလှည့်အပြောင်းတစ်ခုကတော့ ၀န်ကြီးချုပ်ဟောင်း န၀ပ်ဇ်_ရှာရစ်ဖ် ဟာ နိုင်ငံရေး လောကထဲကို ပြန်လည်ဝင်ရောက်လာခြင်းပဲဖြစ်ပါတယ်။ ယခင် အကျင့်ပျက်ခြစားမှုဖြင့် ထောင်ကျခဲ့ရပြီး နိုင်ငံရေးမှ တစ်သက်တာ ပိတ်ပင်ခံထားရသူ ရှာရစ်ဖ်( ယခု ၇၄ နှစ်) ဟာ ဆေးကုသမှု ခံယူရန်ထွက်ခွာသွားရာမှ ယူကေနိုင်ငံ လန်ဒန်မြို့မှာ ခိုလှုံနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ အောက်တိုဘာလမှာ ပါကစ္စတန်ကို ပြန်လာခဲ့ပြီး သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို အနှောင့်အယှက်ကင်းကင်းနဲ့ပဲ ပြန်လည်စတင်နေပါတယ်။ 


နဝပ်ဇ်ရဲ့ညီ ရှာဘက်ဇ်_ရှရစ်ဖ် ( ယခု ၇၂ နှစ်) ဟာ ပါလီမန်မှာ ခန်းအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းရာမှာ ဦးဆောင်ခြင်းနဲ့ ခန်းပြုတ်ကျသွားပြီးနောက် ပြီးခဲ့တဲ့ သြဂုတ်လအထိ ဝန်ကြီးချုပ်အဖြစ် တာ၀န်ယူခဲ့သူဖြစ်ပါတယ်။ ယခင် န၀ပ်ဇ်အပေါ် စိန်ခေါ်လျက်ရှိခဲ့တဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်တွေကို တရားရုံးများက တရားသေ လွှတ်ပေးလိုက်ခြင်းအားဖြင့် ဥပဒေကြောင်းအရ အတားအဆီးများကို ကျော်လွှားနိုင်ခဲ့ပါတယ်။ 

မကြာသေးမီက အဖြစ်အပျက်တွေဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကစင့်ကလျားဖြစ်စေခဲ့ပါတယ်။ အင်မရန်ခန်း အပါအဝင် PTI ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၉ဝ ရာခိုင်နှုန်းကျော်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည် အချင်းမပြည့်မီကြောင်း ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်လိုက်ပါတယ်။ လာဟိုးနဲ့ မီနမ်ဝါလီတို့လို အဓိကမြို့ကြီးများမှာ ပိတ်ပင်ခံရခြင်း အပါအ၀င် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဖြစ်လာရေးဟာ မရေရာ မသေချာဘဲ ရှိနေပါတယ်။ (ယခု) အသက် ၇၁ နှစ်အရွယ် ခန်းဟာ ရာဇ၀တ်ကြောင်းအရ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး နိုင်ငံရေးမှ ငါးနှစ် ပိတ်ပင်ခံရခြင်းတို့ဟာ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသူမဟုတ်ကြောင်း အကြောင်းပြ ချက်များဖြစ်ပါတယ်။ ခန်းရဲ့ ကနဦး အပြစ်ပေးခံရခြင်းဟာ ဆိုင်းငံ့ပြစ်ဒဏ်ဖြစ်ပေမယ့် ပါကစ္စတန် ရွေး/ကော် ကတော့ ခန်းရဲ့ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံဖို့ လျှောက်လွှာကို ပယ်ချခဲ့ပါတယ်။


ခန်းနဲ့ ယှဉ်ရင် န၀ပ်ဇ်ရဲ့ အခြေအနေဟာ ဆီနဲ့ ရေလို ကွာခြားကြောင်း သိသာပါတယ်။ လာဟိုးမြို့ အထက်တန်း လွှာ လူကုံထံမျိုးရိုးမှ ဆင်းသက်လာသူ န၀ပ်ဇ်ဟာ ၁၉၉ဝ ပြည့်နှစ်မှာ ဝန်ကြီးချုပ်အဖြစ် စတင်တာ၀န်ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဖြုတ်ချခံရပြီး ဘင်နာဇီယာဘူတိုအစိုးရလက်ထက် အတိုက်အခံ ခေါင်းဆောင်ဖြစ်လာခဲ့ ပြီး ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရရှိခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ နောက်တစ်ကြိမ် ထပ်မံအရွေးခံရပြီး ၁၉၉၇ ခုနှစ် မှာ စစ်တပ်ရဲ့ဖယ်ရှားခြင်းကို ခံခဲ့ရပါတယ်။ ၁ဝ နှစ်ကျော်ကြာ ပြည်နှင်ဒဏ်ပေးခံရပေမယ့် ၂ဝ၁၁ ခုနှစ်မှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ တတိယအကြိမ်မြောက် ထပ်မံအရွေးခံခဲ့ရပေမယ့် ၂ဝ၁၇ ခုနှစ် “ပနားမားပေပါ_ပေါက်ကြားချက်များ” ပါ အဂတိလိုက်စားမှုများအရ ပါကစ္စတန်တရားရုံးတော်က န၀ပ်ဇ်ကို ရာထူးမှ ဆိုင်းငံ့ပြီး ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ အာမခံဖြင့် ဆေးဝါးကုသမှု ခံယူရန် ယူကေနိုင်ငံ လန်ဒန်မြိုကို သွားရောက်နေခဲ့ရာ ၅ နှစ်ခန့် ကြာခဲ့ပါတယ်။

နိုင်ငံရေးမှ တစ်သက်တာပိတ်ပင်ထားခံရခြင်းအပေါ် အယူခံ၀င်နေသူ န၀ပ်ဇ်ရာရစ်ဖ်ကို ပါကစ္စတန်ရွေးကောက်ပွဲ ကော်မရှင်က သမ္မတလောင်းအဖြစ် လက်ခံလိုက်ပါတယ်။ မှတ်သားစရာကောင်းတာက န၀ပ်ဖ် ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ဟာ ခန်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ ငြင်းပယ်ခဲ့တဲ့ လာဟိုးမြို့ဖြစ်နေခြင်းပါပဲ။ ရွေးကော်ရဲ့ ဆုံးဖြတ် ချက်ကို အယူခံတင်ထားပြီး နဝပ်ဇ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ချက်နဲ့ ညီညွတ်ခြင်း ရှိ-မရှိ ဆုံးဖြတ်ဖို့ ဖြစ်လာပါတယ်။ ပြဌာန်းချက် တစ်ခုတည်းပေမယ့် ခန်းနဲ့ န၀ပ်ဇ်အပေါ် ကွဲပြားစွာ ဆုံးဖြတ်ခဲ့တဲ့ ရွေးကော်ရဲ့ စံနှစ်ခွ ဆက်ဆံပုံဟာ မကြာမီကျင်းပတော့မယ့် ရွေးကောက်ပွဲရဲ့ ဘက်မလိုက်မှုနဲ့ တရားမျှတမှုအတွက် စိုးရိမ်စရာများပဲ ဖြစ်ပါတယ်။

အဲဒီလို ရှုပ်ထွေးမှုအပြင် PTI ပါတီ ထိပ်တန်းခေါင်းဆောင်အများအပြားတို့ဟာ စာရွက်စာတမ်းစီမံမှု လွဲမှားခြင်း (သို့မဟုတ်) ယှဉ်ပြိုင်ခွင့် လက်မှတ်များပျောက်ဆုံးခြင်းမျိုးတို့လို ပြဿနာအကြောင်းပြချက်များနဲ့ ရွေးကောက်ပွဲ မှာ ပါဝင်ခွင့်မရရှိဘဲ တားဆီးခံခဲ့ရပါတယ်။ ယခင်ပါလီမန်အမတ်ဖြစ်ခဲ့ဖူးတဲ့ အဲဒီပုဂ္ဂိုလ်တွေဟာ ယခုအခါ ဖယ်ထုတ်ခံရဖို့ ဖြစ်နေရတဲ့အတွက် ရွေးကောက်ပွဲကြီးကြပ်ရေးလုပ်ငန်းစဉ်အပေါ် သံသယဖြစ်လာကြပါတယ်။

ပါကစ္စတန်အနေနဲ့ ရွေးကောက်ပွဲကျင်းပရက် တစ်နေ့ပြီး တစ်နေ့ နီးကပ်လာနီးကပ်လာချိန်မှာ တောင်အာရှနိုင်ငံ အတွင်း ဆန့်ကျင်ကွဲလွဲမှုများ၊ မသေချာမရေရာမှုများနဲ့ သပွတ်အူနိုင်ငံရေးဇာတ်ကြောင်းနဲ့ နပမ်းလုံးနေပါတယ်။ အဓိကပါတီကြီးဖြစ်တဲ့ PTI ကိုယ်စားလှယ်လောင်းများကို ချန်လှပ်ထားခြင်း၊ ခန်းနဲ့ န၀ပ်ဇ်အပေါ် ခြားနားစွာ ဆက်ဆံမှုနဲ့ နိုင်ငံရေးခေါင်းဆောင်များ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ပါကစ္စတန် ဒီမိုကရေစီ ခရီးရဲ့ ခိုင်မာမှုနဲ့ ပတ်သက်ပြီး အလေးအနက်မေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။

(ဆန္ဒမဲစနစ် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေဟာ လတ်တလောဖြစ်ပေါ်လာတဲ့ခံစားချက်များကို အရင်းခံပြီး မဲပေးတတ်ကြပါတယ်) ဖေဖော်ဝါရီ ၈ ရက်ကို ဦးတည်ပြီး ဇာတ်အိမ်တည်နေချိန် ပါကစ္စတန်ပြည်သူများအနေ နဲ့ကလည်း အဲဒီရွေးကောက်ပွဲမှာ အမှန်တကယ် အဓိပ္ပါယ်ရှိစွာ ရွေးချယ်နိုင်ခြင်း ရှိ-မရှိကိုတော့ စောင့်ကြည့်ဖို့သာ ကျန်ရှိနေပါတယ်။

(လွတ်လပ်ရေး ရရှိပြီး အိန္ဒိယတိုက်ငယ်အတွင်း လက်ရှိ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ မိုင် ၈ဝဝ ကျော် ဝေးကွာလျက် တစ်နိုင်ငံတည်းအဖြစ် နှစ် ၂ဝ ကျော်ကြာ ရပ်တည်ခဲ့ကြပါတယ်။ လူထုတိုက်ရိုက်ဆန္ဒမဲစနစ် ဒီမိုကရေစီနိုင်ငံများဖြစ်ပေမယ့် ဖွဲ့စည်းပုံ ဥပဒေမှာ မပါသော်လည်း စစ်တပ်ရဲ့ အရိပ်ထိုးမှုရှိနေပါတယ်။

ပါကစ္စတန်ဟာ အရွယ်အစားအားဖြင့် မြန်မာထက် ၁.၃ ဆ ပိုမိုကျယ်၀န်းပေမယ့် လူဦးရေမှာတော့ ၄ ဆနီးပါး ပိုများပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ရှမ်းပြည်နယ်လောက်သာကျယ်ဝန်းပြီး မြန်မာ့လူဦးရေထက် ၃ ဆနီးပါးရှိနေပါ တယ်။ လူဦးရေသိပ်သည်းတဲ့ အဲဒီလိုနိုင်ငံမျိုးတွေမှာ ပြည်သူလူထု စားဝတ်နေရေး ဖူလုံပြည့်စုံအောင် စီမံအုပ်ချုပ် ရေးဆိုတာ အလွန်ခက်ခဲမှာ သေချာပါတယ်။ 

နျူကလီယာလက်နက်ပိုင် ပါကစ္စတန်ရဲ့ ၂ဝ၂ဝ - ၂ဝ၂၂ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈ဝ အနက် ၁၄ဝ၊ ဘင်္ဂလားဒေ့ရှ်မှာ ၁၄၇ ဖြစ်နေပါတယ်။ မြန်မာ - ၁၅၇၊ အိန္ဒိယ - ၈၅၊ ထိုင်း - ၁ဝ၁ တို့နဲ့ နှိုင်းယှဉ်ကြည့် နိုင်ပါတယ်။ ။ သတင်းဘာသာပြန်သူ))

#အင်မရန်_ခန်း #ပါကစ္စတန်အထွေထွေရွေးကောက်ပွဲ #န၀ပ်ဇ်_ရှာရစ် #ရွေးကောက်ပွဲကော်မရှင်


(FirstPost., 3 January 2024,” Vantage I Pakistan's going to polls but do its voters really get to choose?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကို မြန်မာ-တရုတ်အစိုးရချင်း Framework Agreement ရေးထိုးနိုင်ရန် ပြင်ဆင်နေ

RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved