နှစ်သစ်ကူးညတွင် ကမာကြည်တံတားပေါ်၌ ကားနှစ်စီးတိုက်မိခဲ့ရာ လူ(၂)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၁
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်တံတားပေါ်တွင် နှစ်သစ်ကူးည၌ ကားနှစ်စီးတိုက်မိခဲ့ရာ လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၃၁ ရက်)၊ ည ၁၁နာရီခွဲအချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏလမ်းဆုံအနီး၊ အောင်ဆုပန်ရပ်ကွက်ထိပ်၊ ကမာကြည့်တံတားပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာက ရှေ့ကကားကို နောက်က အိမ်စီးကားက ဝင်တိုက်မိတာ။ ကြည့်ရတာတော့ အရှိန်လွန်ပြီးဝင်တိုက်မိတာပါ။ လူထိခိုက်မှုက (၂)ယောက်ပါ။ ခေါင်းပေါက်သွားတယ်ဆိုပေမဲ့ မစိုးရိမ်ရပါဘူး”ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၃၀)နှစ်ဝန်းကျင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၁)ဦး၌ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများနှင့် အခြားပွန်းပဲ့ဒဏ် ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအား Medical လူငယ်များလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့(ဇန်နဝါရီလ ၁ ရက်)၊ နံနက် ၂နာရီ ၅၃မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ၅ရပ်ကွက်၊ လေဆိပ်လမ်းတွင် ကားတစ်စီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသားသည် ကားခေါင်းခန်းအတွင်းညှပ်ကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား လူထဲကလူလူမှုကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ္ဍာနှစ်(၈)လတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း(၆ဝဝ)နီးပါးဝင်ရောက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ