ရုရှားစစ်သားတွေဟာ နိုင်ငံသူရဲကောင်းများဖြစ်ကြောင်း ရုရှားသမ္မတ ချီးကျူးပြောဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁
ယူကရိန်းနဲ့ ရှေ့တန်းစစ်မြေပြင်မှာ စစ်တိုက်နေတဲ့ ရုရှားစစ်သားတွေဟာ နိုင်ငံသူရဲကောင်းတွေဖြစ်ကြောင်း ရုရှားသမ္မတပူတင်က နှစ်သစ်ကူး မိန့်ခွန်းပြောဆိုချိန်အတွင်းချီးကျူးပြောဆိုလိုက်ပါတယ်။
၂ဝ၂၃ ခုနှစ်ဟာ ရုရှားနိုင်ငံအတွက် ကြီးမားတဲ့အောင်မြင်မှုရတဲ့နှစ်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံရဲ့အကျိုးစီးပွားနဲ့ တန်ဖိုး တွေ ကာကွယ်ရာမှာ အလွန်တောင့်တင်းကောင်းမွန်ခဲ့ကြောင်း ရုရှားသမ္မတပူတင်က ပြောပါတယ်။
ယူကရိန်းဟာ ၂ဝ၂၃ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ရုရှားတပ်ဖွဲ့တွေကို ကြီးမားတဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး ရုရှားတပ်ဖွဲ့တွေက ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေကို အကောင်းဆုံးခုံခံကာကွယ်ခဲ့ရကြောင်း သိရပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ အစွမ်းပြကာကွယ်မှုတွေကြောင့် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေဟာ မျှော်လင့် သလောက်အောင်မြင်မှုမရဘဲ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။ ရုရှားစစ်ဘက်က စစ်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့တွေဟာ အနောက်အုပ်စုနိုင်ငံတွေက ကူညီပေးထားတဲ့ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် အခြားစစ်လက်နက်ပစ္စည်းတွေ နဲ့ စစ်သားတွေ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ပြောပါတယ်။
ရုရှားရဲ့တိုက်ခိုက်ရေးနည်းစနစ်တွေ ထိရောက်ကောင်းမွန်မှုရှိကြောင်းကို အနောက်အုပ်စုနိုင်ငံတွေ ကိုယ်တိုင် အသိအမှတ်ပြုခဲ့ရပါတယ်။
ရုရှားသမ္မတပူတင်က "ယူကရိန်းနဲ့စစ်ဖြစ်နေတဲ့ ရုရှားစစ်သားအားလုံးဟာ နိုင်ငံရဲ့သူရဲကောင်းတွေဖြစ်တယ်။ အဲဒီရုရှားစစ်သား အားလုံးအတွက် ဂုဏ်ယူပါတယ်။ ရုရှားစစ်သားတွေဟာ ရုရှားနိုင်ငံ နဲ့ ရုရှားနိုင်ငံသားအားလုံးကို ကူညီထောက်ပံပေးမှုတွေ၊ ကာကွယ်ပေးမှုတွေ လုပ်ဆောင်နိုင်ခဲ့သူတွေဖြစ်ပါတယ်" လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ လွတ်လပ်မှု၊ လုံခြုံရေး၊ နိုင်ငံအကျိုးစီးပွား၊ ကာကွယ်မှုတွေကို အဓိကထားလုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း ရုရှားသမ္မတ က ပြောပါတယ်။ ရုရှား နဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၂ နှစ်နီးပါး ကြာမြင့်နေပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရပ်ထားသည့်(၁၂)ဘီးကားကို အိမ်စီးကားမှဝင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်း ပြီး သေဆုံးမှု နေပြည်တော်၌ဖြစ်ပွား
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ