ဒီဇင်ဘာလ တတိယပတ်အတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း(၃၀၀)နီးပါးရရှိထား
ယွန်း (NSS) - ဇန်နဝါရီ ၁
ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက်မှ (၂၂)ရက်အထိ တစ်ပတ်တာကာလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၂၆၆)သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါကာလ၌ ပြည်ပသို့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ နှင့် အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ပုစွန် နှင့် အခြားရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ခဲ့ပြီး စက်မှုကုန်ချောများဖြစ်သည့် CMP ချုပ်ပြီး အထည်များလည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ပဲမျိုးစုံတင်ပို့မှုတွင် တန်ချိန် (၂၄၇၇၉)တန် ရှိခဲ့ရာ အမေရိကန်ဒေါ်လာ(၂၁) သန်းကျော်ရရှိခဲ့ပြီး ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှတင်ပို့မှု တိုးတက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ပသို့ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၈၂)သန်းကျော်ရရှိခဲ့ပြီး နိုင်ငံပေါင်း(၅၃)နိုင်ငံကိုတင်ပို့ခဲ့ရာ ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများမှ အများဆုံးမှာယူတင်သွင်းခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
အလားတူ နှမ်းမျိုးစုံသည် နှစ်သစ်ကူးကာလအတွင်း ဝယ်လိုအားမြင့်တက်လျက်ရှိရာ တရုတ်နိုင်ငံသို့ ယခင်အပတ်ထက် နှမ်းမျိုးစုံပိုမိုတင်ပို့နိုင်ခဲ့သည့်အပြင် ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ်တို့မှလည်း ဝယ်လိုအားများပြားခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက အသိပေးထားသည်။
နိုင်ငံတော်အနေဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးဆောင်ရွက်ရာတွင် CMP ကဏ္ဍတိုးတက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားစစ်သားတွေဟာ နိုင်ငံသူရဲကောင်းများဖြစ်ကြောင်း ရုရှားသမ္မတ ချီးကျူးပြောဆို
RELATED POSTS
22 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း