မြောက်ကိုရီးယားအစိုးရက ၂ဝ၂၄ ခုနှစ်တွင် နောက်ထပ် စပိုင်ဂြိုလ်တု(၃)လုံးကို လွှတ်တင်ရန် စီစဉ်နေ
Pika (NSS) - ဒီဇင်ဘာ ၃၁
မြောက်ကိုရီးယားနိုင်ငံသည် ၎င်းစစ်တပ်၏ စွမ်းရည်များကို မြှင့်တင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝ၂၄ ခုနှစ်တွင် နောက်ထပ်စပိုင်ဂြိုလ်တု(၃)လုံးကို လွှတ်တင်ရန် စီစဉ်နေကြောင်း နိုင်ငံပိုင်မီဒီယာ(KCNA) က ဒီဇင်ဘာလ(၃၁)ရက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လတွင် မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဘက်သုံးစပိုင်ဂြိုလ်တုသည် အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ စစ်ဘက်ဆိုင်ရာ အဓိကနေရာများ ကို ဓါတ်ပုံများရိုက်ယူနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ပြီးခဲ့သည့်လတွင် ထုတ်ဖော် ပြောခဲ့သည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ၎င်း၏ အဆင့်အမြင့်ဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM) ကို စမ်းသပ်ပစ်လွှတ်ခြင်း အပါအဝင် စံချိန်တင်လက်နက်စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
KCNA က "မြောက်ကိုရီးယားအစိုးရဟာ ၂ဝ၂၄ ခုနှစ်မှာ နောက်ထပ်စပိုင်ဂြိုလ်တု (၃)လုံး လွှတ်တင်မယ့်ကိစ္စကို လာမယ့်နှစ်အတွက် အရေးအကြီးဆုံးမူဝါဒဆုံးဖြတ်ချက်တွေထဲက တစ်ခုအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ နှစ်ကုန်အစည်းအဝေးမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။
ဒီဇင်ဘာလ(၃ဝ)ရက်က ပြီးဆုံးခဲ့သော ငါးရက်ကြာကျင်းပခဲ့သည့်အစည်းအဝေးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ ကင်ဂျုံအန်းက "အမေရိကန်နိုင်ငံဟာ နှစ်ကုန်ခါနီးမှာတောင် ကျွန်တော်တို့နိုင်ငံအပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုအမျိုးမျိုးတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ပိုဆိုးလာစေခဲ့တာပါ" ဟု ပြောခဲ့သည်။
တောင်ကိုရီးယား၊ အမေရိကန် နှင့် ဂျပန်တို့သည် ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ စံချိန်တင် လက်နက် စမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ ကြောင်းလည်း သိရသည်။ ထို့အပြင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး ဒေတာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မျှဝေကြရန် သဘောတူညီခဲ့ကြကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ငါးဖမ်းသင်္ဘော နှင့် ရေနံတင်သင်္ဘောတို့တိုက်မိခဲ့ပြီး ငါးဖမ်းသင်္ဘောနစ်မြုပ်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ