နေပြည်တော်၌ ဆယ်ကျော်သက်အရွယ် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
စော (NSS) - ဒီဇင်ဘာ ၃၀
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဆက်ကျော်သက်အရွယ် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၃၀ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်တွင် ဇေယျာသီရိမြို့နယ်၊ စကားဝါမြိုင်ရပ်ကွက်၊ စိုက်ပျိုးရေးတက္ကသိုလ်အနီး၌ အထက်ပါကဲ့သို့ ကြိုးဆွဲချခဲ့ခြင်းဖြစ်ကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ တစ်စွန်းတစ်စ ကြားလာတာတော့ အချစ်ရေးကိစ္စလို့ပဲ သိရတယ်။ ကျွန်တော်တို့က နောက်ကျပြီးမှ ရောက်သွားတော့ သက်ဆိုင်ရာက ကြိုးတွေဖြုတ်ပြီး အောက်ကိုချထားလို့ မသိလိုက်ရဘူး”ဟု ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါသေဆုံးသူသည် အသက်(၁၇)အရွယ်ခန့်ရှိပြီး ၎င်း၏ ရုပ်အလောင်းအား နေပြည်တော် ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Snoopy ကာတွန်းခွေးလေးနဲ့ တကယ်ဆင်တဲ့ Real snoopy ဘေလေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ