နေပြည်တော်၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာအပြင်းထန်ရ
သန့်ဇင်(NSS) - ဒီဇင်ဘာ ၃၀
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၂၉ ရက်)၊ ည ၈နာရီအချိန်ခန့်တွင် ဇေယျာသီရိမြို့နယ်၊ တိရိစ္ဆာန်ဥယျာဉ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပျဉ်းမနားဘက်ကလာတဲ့ ဆိုင်ကယ်နဲ့ တပ်ကုန်းဘက်လာတဲ့ ကားတို့ မျက်နှာချင်းဆိုင်တိုက်မိတာပါ။ ဆိုင်ကယ်က အရှိန်တော်တော် ပါမယ်ဗျ” ဟု ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် နေပြည်တော်၊ တိုင်းရင်းသားကျေးရွာတွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် ဆိုင်ကယ် ယာဉ်မောင်း အမျိုးသား၌ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်သမားက စိုးရိမ်ရတဲ့အခြေအနေပေါ့။ သူရဲ့ ဘယ်ဘက်ရင်အုံမှာ တစ်ခုခုနဲ့ထိုးမိတဲ့ အပေါက်ကြီးရှိတယ်။ မျက်နှာတွေလည်း ထိမိထားတယ်။အဲဒီနေရာတွေက ယာဉ်တိုက်မှုခဏခဏဖြစ်တယ်။ အဲဒါကြောင့် ပျဉ်းမနားနဲ့ တပ်ကုန်းကြားမှာ ဆိုင်ကယ်သမားတွေ အနေနဲ့ အထူးဂရုပြုပြီး စီးစေချင်တယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးလိုပါက ယခုထက်ပိုမိုကောင်းမွန်အောင်ကစားရန်လိုအပ်ကြောင်း အာဆင်နယ်နည်းပြပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ