Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပေကျင်းဦးဆောင်သည့် ဒေသတွင်းကုန်သွယ်ရေးအစုအဖွဲ့၌ ဘင်္ဂလားဒေ့ရ်ှပါ၀င်လာခြင်းကို အိန္ဒိယ သတိဖြင့် အကဲဖြတ်

Htay Oung (NSS) - ဒီဇင်ဘာ ၃ဝ

ရီဆက်ပ် RECEP လို့ ခေါ်ကြတဲ့ တရုတ်ဦးဆောင် (ဒေသတွင်းဘက်စုံနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု) နိုင်ငံ တကာကုန်သွယ်ရေးအစုအဖွဲ့အတွင်းကို အိန္ဒိယရဲ့ စစ်ရေး-စီးပွားရေး အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရ်ှက ဝင်ရောက်ဖွယ် အလားအလာများဟာ နယူးဒေလီအတွက် စိတ်မသက်သာစရာဖြစ်လာရတယ်လို့ ဒါကာအခြေစိုက် “ဒါကာထရီဗြွန်း” သတင်းအေဂျင်စီက ဒီဇင်ဘာလ ၂၉ ရက်ကရေးသားပါတယ်။


၂၀၂၀ ခုနှစ်မှာ ရီဆက်ပ်ကို စတင်လက်မှတ်ရေးထိုးခဲ့ပြီး လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အစရှိတဲ့ အာဆီယံ ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ အာရှအရှေ့ဖျား (၃)နိုင်ငံ၊ နယူးဇီလန်၊ သြစတြေးလျစတဲ့ အာရှပစိဖိတ် ၂ နိုင်ငံ စုစုပေါင်း ၁၅ နိုင်ငံ ပါ၀င်တဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု အဖွဲ့ကြီးဖြစ်ပါတယ်။ အဖွဲ့၀င်နိုင်ငံတို့ဟာ ကမ္ဘာ့လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်း ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) နဲ့ တစ်ကမ္ဘာလုံး အသားတင်ကုန်ထုတ်လုပ်မှု GDP ရဲ့ ၃၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၇ ထရီလီယံ) ရှိပြီး သမိုင်းတလျောက် အကြီးမားဆုံး ကုန်သွယ် ရေးအစုအဖွဲ့ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရ်ှနဲ့ ရီဆက်ပ်တို့အကြား လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA) ညှိနှိုင်းမှုကို နယူးဒေလီက သတိထားစောင့်ကြည့်လျက်ရှိပြီး ဒါကာရဲ့ဆောင်ရွက်မှုကြောင့် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်နိုင်ခြေများနဲ့ ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လျက်ရှ်ိနေပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း၊ "ဘီဇီးနက်စ် စတင်းဒတ်” နဲ့ "ဟိန္ဒူဘီဇီးနက်စ်လိုင်း” တို့လို ထင်ရှားတဲ့ အိန္ဒိယစီးပွားရေးနေ့စဉ်သတင်းစာများရဲ့ ရေးသားချက်တို့ဟာ အဲဒီဖြစ်စဉ်များအကြောင်းကို ရုပ်လုံးဖော်ပြနေသလို ရှိပါတယ်။

အရင်းနှီးဆုံး စီးပွားရေးချိတ်ဆက်မှုနဲ့ ကုန်သွယ်ဘက်ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရ်ှနဲ့ ၁၅ နိုင်ငံပါ ရီဆက်ပ်တို့ရဲ့ ပူးပေါင်းမှုကြောင့် အိန္ဒိယရဲ့သွင်းကုန်များနေရာမှာ တရုတ်ကုန်ပစ္စည်းများက သိသိသာသာ တိုးမြင့်လာနိုင်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုအနေနဲ့ အိန္ဒိယအပေါ် ထိခိုက်လာနိုင်တယ်လို့ နယူးဒေလီ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်များကို ကိုးကားပြီး ဘီဇီးနက်စ်လိုင်းက ဖော်ပြပါတယ်။

သတင်းအရဆိုလျှင် ဘင်္ဂလားဒေ့ရ်ှနဲ့ FTA ညှိနှိုင်းမှုများကို အရှိန်မြှင့်ခြင်း မတိုင်မီ အိန္ဒိယအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ အကျိုးဆက်များကို အကဲဖြတ်နေတယ်လို့ ဆိုပါတယ်။

ဒါကာသာ ၁၅ နိုင်ငံပါကုန်သွယ်ရေးအဖွဲ့၀င်ဖြစ်သွားခဲ့လျှင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း အိန္ဒိယရဲ့ လက်ရှိဈေးကွက်ဝေစုမှာ အစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးသွားနိုင်တယ်လို့ ဒေလီရှိတာဝန်ရှိသူများက စိုးရိမ်နေကြပါတယ်။ ဒါ့ပြင် အခြားကုန်သွယ်ရေးအဖွဲ့၀င်နိုင်ငံများအတွင်း စျေးကွက်ဝင်ရောက်ခွင့် ရရှိဖို့အတွက် အိန္ဒိယဟာ ဘင်္ဂလားဒေ့ရ်ှနဲ့ တိုက်ရိုက်ပြိုင်ဆိုင်ရဖွယ် ဖြစ်လာနိုင်ပါတယ်။

အိန္ဒိယဟာ ဘင်္ဂလားဒေ့ရ်ှနဲ့ FTA သဘောတူညီချက်ကို အပြီးသတ်မှုကို စေ့စေ့စပ်စပ် အကဲဖြတ်လျှက်ရှိကြောင်း၊ သက်ရောက်မှုရှိတဲ့ နယ်ပယ်တစ်ခုချင်းအလိုက်  ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်များကို အသေးစိတ် ထပ်မံသုံးသပ်ဖို့ လိုအပ်တယ်လို့ လောလောဆယ် အိန္ဒိယက ဆုံးဖြတ်ထားကြောင်း သတင်းစာက ရေးပါတယ်။ 

ဒါကာရဲ့ ရီဆက်ပ်ကုန်သွယ်ရေးအဖွဲ့ကြီမှာ ပါဝင်ဖို့ ဆုံးဖြတ်ရေးဟာ လာမယ့် ဇန်နဝါရီလ ၇ ရက် ဘင်္ဂလားဒေ့ရ်ှပါလီမန် ရွေးကောက်ပွဲများအလွန်မှာ ဖြစ်ပေါ်လာနိုင်ပြီး စိတ်အနှောင်အယှက်ဖြစ်စရာများ မြင်တွေ့ရနိုင်တယ်လို့ အိန္ဒိယမူဝါဒရေးရာ အသိုင်းအဝိုင်းက ခန့်မှန်းနေကြပါတယ်။ နှစ်နိုင်ငံအကြား ဆက်လက်ကျင်းပနေတဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှုများနဲ့ ပတ်သက်ပြီး မသေချာ မရေရာမှုတွေဟာ အခြေအနေကို ပိုမိုရှုပ်ထွေးစေပါတယ်။

၁၅ နိုင်ငံအဖွဲ့ကြီးမှာ ပါ၀င်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပြုချက်ကို ပေးပို့ထားပြီးဖြစ်ကြောင်း၊ ဇန်နဝါရီလ ရွေးကောက်ပွဲအပြီးမှာ အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်မှာ ဖြစ်ကြောင်း ဒါကာနိုင်ငံခြားရေး၀န်ကြီး အေကေ အဗ္ဗဒူမိုမန်က ပြောပါတယ်။ 

ရီဆက်ပ်အဖွဲ့မှာ အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန် (၅)နိုင်ငံတို့က ကုန်သွယ်ရေး ဆွေးနွေးဖက်အဖြစ် ပါ၀င်နေကြပါတယ်။

အိန္ဒိယဟာ ရီဆက်ပ်အဖွဲ့ ထူထောင်ရေး ပေါ်လစီရေးဆွဲစဉ် ၀န်ကြီးချုပ် မန်မိုဟန်-ဆင်းလက်ထက် ၂၀၁၁ ခုနှစ်တုန်းက စတင်ပါဝင်လာခဲ့ပြီး နာရင်ဒြာမိုဒီလက်ထက် အသေးစိတ် ဖော်ပြခြင်း မပြုတဲ့ စိုးရိမ်မှုများကို အကြောင်းပြပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ နုတ်ထွက်ခဲပါတယ်။ အိန္ဒိယရဲ့ စိုးရိမ်မှုအချို့ကို ကုန်သွယ်ရေး ညွန်ပေါင်းအဖွဲ့အနေနနဲ့ ထည့်သွင်းစဉ်းစားခြင်း မရှိဘူးလို့ မိုဒီအစိုးရက သံသယရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီကုန်သွယ်ရေးအဖွဲ့ကြီးမှာ တရုတ်က သူ့ခြေသူ့လက် လုပ်လာမယ့် အရိပ်အယောင်ကို တွေ့မြင်ရတဲ့အတွက် နှုတ်ထွက်သွားခြင်းဖြစ်တယ်လို့ လေ့လာသူအများအပြားက ယုံကြည်ကြပါတယ်။ အဲ့ဒီလို အဖွဲ့မျိုးကို ဘင်္ဂလားဒေ့ရ်ှလို တကယ့်အိမ်နီးချင်းနိုင်ငံက မဟာမိတ်ဖွဲ့ဖို့ တက်တက်ကြွကြွ စဉ်းစားလာခြင်းဟာ အိန္ဒိယနိုင်ငံရေးသမားအချို့အတွက် မျက်ခုံးပင့်စရာ ဖြစ်လာခဲ့ပါတယ်။

နောက်ဆက်တွဲအဖြစ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA) ဟာ ယခင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်များရဲ့ အနာဂတ်အလားများ ပတ်သက်ပြီး ၀န်ကြီးချုပ် မိုဒီနဲ့ ရှိတ်ဟာစီနာတို့က မေးခွန်းများကို အပြန်အလှန် မေးခွန်းထုတ်နေကြပါတယ်။

 ကမ္ဘာ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) အဆင့် သတ်မှတ်ခံထားရခြင်းမှ ၂၀၂၆-ခုနှစ်မှာ လွတ်မြောက်ဖို့ ၃ နှစ်သာ လိုတော့မယ့်  ဘင်္ဂလားဒေ့ရ်ှအနေနဲ့ နိုင်ငံအသီးသီးနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် FTAs များ ရရှိရေးဟာ အသည်းအသန် လိုအပ်နေမယ်ဆိုတာ ထင်ရှားပါတယ်။

ရီဆက်ပ်အဖွဲ့ကို ၀င်ရောက်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရ်ှအတွက် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့စျေးကွက်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတည်ရှိရာ နိုင်ငံဖြစ်လာရေးမှာ လမ်းပွင့်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေး ကွက်ကို လွှမ်းမိုးသွားတဲ့အထိ တရုတ်ထုတ်ကုန်များရဲ့ ပြိုင်ဆိုင်မှု တိုးမြင့်လာမယ့် စိန်ခေါ်မှုလည်း ရှိနေမှာဖြစ်ပါတယ်။

ဒေလီအခြေစိုက် တွေးခေါ်ပညာရှင်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ သုတေသနသတင်းအချက်အလက်စနစ် (RIS) မှ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ ပရာဘီယာဒီ ကတော့ ဘင်္ဂလားဒေ့ရ်ှရဲ့ ရီဆက်ပ်အဖွဲ့ ၀င်ရောက်မယ့်ကိစ္စအလားအလာနဲ့ ပတ်သက်ပြီး အကောင်းဘက်က ရှုမြင်ပါတယ်။

ဘင်္ဂလားဒေ့ရ်ှက ပါဝင်မယ်ဆိုရင် ဒါဟာ အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်လို့ ယုံကြည်ရပြီး သီရိလင်္ကာလည်း အလားတူ ဖြစ်လာနိုင်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရ်ှနဲ့ သီရိလင်္ကာတိုလိုတိုင်းပြည်တွေအနေနဲ့ နိုင်ငံတကာ ပထဝီဝင်နိုင်ငံရေးရဲ့ ရှုပ်ထွေးမှုများမှာ ခံနိုင်ရည်ရှိမှုကိုတော့ စောင့်ကြည့်ရလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။ 

(Dhaka Tribune., 29 December 2023,” India takes cautionary stance amid Bangladesh-China trade bloc negotiations” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံ ရေးအပါအဝင် အခြားသောကိစ္စရပ်များကို ကြိုတင်စီစဉ်ထားရန် တိုက်တွန်း

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved