ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံ ရေးအပါအဝင် အခြားသောကိစ္စရပ်များကို ကြိုတင်စီစဉ်ထားရန် တိုက်တွန်း
မြူနစ် (NSS) - ဒီဇင်ဘာ ၃၀
ပြည်လုံးကျွန်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လုံခြုံရေးအပါအဝင် အခြားသောကိစ္စရပ်များကို ကြိုတင်စီစဉ်ထားရန် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။
ဝန်ကြီးဦးမြင့်ကြိုင်က ဒီဇင်ဘာလ ၂၉ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ဗဟိုသန်းခေါင် စာရင်းကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေ နှင့် အိမ်အကြောင်းအရာသန်း ခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည့်အုပ်ချုပ်မှုကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်ထားရန် ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
ထို့ပြင် စာရင်းစစ်၊ စာရင်းကောက်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် သန်းခေါင်စာရင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အသုံးပြုမည့် ပစ္စည်းကိရိယာများကို သက်ဆိုင်ရာဒေသသို့ အချိန်မီပေးပို့နိုင်ရေး၊ ပြည်သူလူထုအသိပညာပေးရေးစသောလုပ်ငန်းများကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်သွားရန် ၎င်းက ထပ်မံတိုက်တွန်းထားသည်။
လာမည့်နှစ်အတွင်း ကောက်ယူမည့် ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ နိုင်ငံ တော်အစိုးရ၏ ဦးဆောင်မှုဖြင့်သာ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကောက်ယူမှုဖြင့် ရရှိလာမည့်သန်းခေါင်စာရင်းအချက်အလက်များကို မြေပြင်လူဦးရေစာရင်းများနှင့် နှိုင်းယှဉ်ကာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းများကို အထောက်အကူပြုရေး ဆက်လက်ဆောင်ရွက်သွားရန် နစကဘက်က စီစဉ်ထားသည်။
စမ်းသပ်သန်းခေါင်စာရင်းကို ပြီးခဲ့သော အောက်တို ဘာလအတွင်း၌ မြို့နယ်ပေါင်း ၂၀ မှ စာရင်းကောက်ကွက် (၁၀၀)တွင် ကောက်ယူခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်းလည်း ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
ဝန်ကြီးဦးမြင့်ကြိုင် ဦးဆောင်နေသည့် လူဝင်မှုကြီးကြပ် ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြီးခဲ့သော ကာလများအတွင်း၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှုများပြုလုပ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရမှုများလည်း ရှိခဲ့ဖူးသည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦးများသည်လည်း အကြမ်းဖက်အဖွဲ့၏ မီးရှို့ဖျက်ဆီးခြင်းများကို ခံခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့နယ်ရှိ PDF စခန်းတစ်ခုကို တပ်မတော်လုံခြုံရေးအဖွဲ့က ဝင်ရောက်စီးနင်း
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ