ရေတာရှည်မြို့နယ်ရှိ သကြားစက်ရုံကို PDF အဖွဲ့က ဝင်ရောက်စီးနင်း
Pearl (NSS) - ဒီဇင်ဘာ ၂၇
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ သကြားစက်ရုံကို PDF အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၇ ရက်၊ နံနက် (၇)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ အောင်ချမ်းသာသကြားစက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
အင်အား (၆၀)ခန့် ရှိသော PDF အဖွဲ့ဝင်များသည် အောင်ချမ်းသာသကြားစက်အတွင်းသို့ ဝင်ရောက်စီးနင်းပြီးနောက် စက်ရုံမှူး၏ ကား နှင့် Light Truck ယာဉ်တစ်စီး နှင့် ဝန်ထမ်းများ၏ ဖုန်းများကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
"သကြားစက်က လုံခြုံရေးမှ မရှိတာ။ သေနတ်တွေ ဖောက်ပြီး ဝင်လာတာမျိုးမရှိဘူး။ ဒီအတိုင်းဝင်လာတာ။ လူဖမ်းသွားတာတော့မရှိဘူး။ ဖုန်းတွေ ကားတွေပဲ ယူသွားတာ"ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
PDF အဖွဲ့ဝင်များသည် အင်ဒိုင်းရွာဘက်သို့ ထွက်ပြေးသွားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းပြည်သူတွေနဲ့စုစည်းညီညွှတ်ကြောင်းပြသဖို့ ပါကစ္စတန်နိုင်ငံမှာ New Year ပွဲတော်တွေ ကျင်းပမှုကို ပိတ်ပင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ