ပါလက်စတိုင်းပြည်သူတွေနဲ့စုစည်းညီညွှတ်ကြောင်းပြသဖို့ ပါကစ္စတန်နိုင်ငံမှာ New Year ပွဲတော်တွေ ကျင်းပမှုကို ပိတ်ပင်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၉
ပါကစ္စတန်နိုင်ငံဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ စုစည်းညီညွှတ်ကြောင်းပြသနိုင်ဖို့ နိုင်ငံအတွင်း New Year နှစ်သစ်ကူးပွဲတော်တွေကျင်းပမယ့်အစီအစဉ်ကို ပိတ်ပင်သွားမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ဟားမက်စ် နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသအခြေအနေတွေကြောင့် ပါကစ္စတန်နိုင်ငံအတွင်းမှာ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပမှာမဟုတ်ကြောင်း ဝန်ကြီးချုပ် Anwaar-ul-Haq Kakar က ပြောပါတယ်။
၎င်းက "နှစ်သစ်ကူးနဲ့ပတ်သက်ပြီး ပွဲတွေအားလုံးကို နိုင်ငံအတွင်းပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပါကစ္စတန် နဲ့ မွတ်စလင်နိုင်ငံတွေဟာ ပါလက်စတိုင်းလူမျိုးတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ဝမ်းနည်းမိပါတယ်" လို့ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ New Year ပွဲတော်တွေမှာ နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပြီး နှစ်သစ်ကူးကာလအတွင်း မီးရှုးမီးပန်း ပစ်လွှတ်တာတွေ လုပ်လေ့ရှိကြောင်း သိရပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်က ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေအတွက် ပူးပေါင်း ဆောင်ရွက်မှု နဲ့ စုစည်းညီညွှတ်ကြောင်း ပြသမှုအဖြစ် လုပ်ကိုင်တာမျိုးဖြစ်ကြောင်း ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပါကစ္စတန်နိုင်ငံအတွင်းမှာ အစ္စရေးဆန့်ကျင်ရေး နဲ့ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး နှစ်သောင်းကျော် သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးထောက်လှမ်းရေးအဖွဲ့နဲ့ဆက်နွယ်သူ လေးဦးကို အီရန်အာဏာပိုင်များ ကွပ်မျက်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း