အစ္စရေးထောက်လှမ်းရေးအဖွဲ့နဲ့ဆက်နွယ်သူ လေးဦးကို အီရန်အာဏာပိုင်များ ကွပ်မျက်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၉
အီရန်ရဲတပ်ဖွဲ့ဟာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ မော့ဆက်အတွက် အလုပ်လုပ်ပေးနေသူ လေးဦးကို ဒီဇင်ဘာ ၂၉ ရက်မှာ ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။
အီရန်တရားရေးအဖွဲ့နဲ့ နီးစပ်တဲ့သတင်းဌာနဖြစ်တဲ့ မီဇန် သတင်းဌာနက "အစ္စရေးနိုင်ငံအတွက် အလုပ်လုပ်ပေးတဲ့ သူလျိုလေးဦးကို ကွပ်မျက်ခဲ့တယ်။ အဲဒီလေးဦးဟာ မော့ဆက်အဖွဲ့ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ပြီး နိုင်ငံ လုံခြုံရေးကို ချိုးဖောက်တာတွေလုပ်ခဲ့တယ်။ စုံစမ်းစစ်ဆေးပြီးချိန်မှာ သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
အီရန်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း မော့ဆက်အတွက် အလုပ်လုပ်ပေးတဲ့ သူလျိုတွေကို ကွပ်မျက်ခဲ့ဖူးကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ အီရန်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ရာ နှစ်ဖက်တင်းမာမှုပိုမိုဖြစ်လာနေကြောင်း သိရပါတယ်။ အစ္စရေးဟာ ဒီဇင်ဘာ ၂၇ ရက်ကလည်းက ဆီးရီးယားနိုင်ငံအခြေစိုက် အီရန်လိုလားတဲ့လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ချိန်အတွင်း အီရန်ဗိုလ်ချုပ်တစ်ဦး ကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းများက သေဒဏ်ပေးမှုတွေကို ဖျက်သိမ်းဖို့ တောင်းဆိုနေပေမယ့် အီရန်၊ တရုတ်၊ စင်ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့က သေဒဏ်ပေးမှုတွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရပါတယ်။ အီရန်အစိုးရဟာ မောဆက်အဖွဲ့နဲ့ဆက်နွယ်သူ လေးဦးကို ကွပ်မျက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဘယ်သူဘယ်ဝါ ဆိုတဲ့အချက်ကို အသေးစိတ်သတင်းထုတ်ပြန်ခြင်းမျိုး မရှိကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇန်နဝါရီလအတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည် နယ်အချို့၌ မိုးထစ်ချုန်းရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလအသိပေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း