ဇန်နဝါရီလအတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည် နယ်အချို့၌ မိုးထစ်ချုန်းရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလအသိပေး
ယွန်း (NSS) - ဒီဇင်ဘာ ၂၉
လာမည့် ဇန်နဝါရီလအတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးထစ်ချုန်းရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
မိုးဇလမှ ယနေ့(ဒီဇင်ဘာလ ၂၉ ရက်)တွင် ထုတ်ပြန်သည့် ဇန်နဝါရီလပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
ဇန်နဝါရီလ၌ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှဆိုထား သည်။
ထို့ပြင် အဆိုပါလအတွင်း တနင်္သာရီ၊ ကချင် နှင့် ရှမ်းတို့တွင် (၄)ရက်မှ (၆)ရက်ခန့် နှင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်း၊ ရခိုင်၊ ကယား ၊ ကရင်နှင့် မွန်တို့တွင် (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
“ဇန်နဝါရီလဆိုတာ ဆောင်းရာသီပဲရှိသေးတယ်။ အေးတဲ့ရာသီပဲပေါ့။ ဒါပေမယ့် ညအပူချိန်လျော့ပြီး အအေးပိုမှုတွေလျော့နည်းတတ်တယ်။ အရမ်းကြီး မအေးနိုင်ဘူး။ ပြီးရင် ဆောင်းရာသီမှာအပူချိန်မြင့်တက်တဲ့အတွက် အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေရှိနိုင်တယ်။ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့်လို့ လည်းပြောလို့ရတယ်” ဟု မိုးဇလမှ ညွှန်ကြားရေးမှူးဦးလှထွန်းက NSS ကိုသုံးသပ်ပြောကြားထားသည်။
ထို့ပြင် မိုးရွာသွန်းမှုအခြေအနေသည် ရှမ်းနှင့် ကယားတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ကချင်၊ ချင်း၊ ကရင်နှင့် မွန်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
လာမည့် ၂၀၂၄ ခုနှစ်အတွင်း အားကောင်းသော အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး သောက်သုံးရေရှားပါးမှုများနှင့်လည်း ကြုံတွေ့နိုင်ကြောင်း မိုးဇလက ယမန် နေ့ (ဒီဇင်ဘာလ ၂၈ ရက်)က အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KNU ပူးပေါင်းအဖွဲ့များ ဝိုင်းဝန်းပိတ်ဆို့ထားသည့် ချောင်းနှစ်ခွစခန်းတစ်ဝိုက်ကို ရက်ပေါင်း(၅၀)အကြာ၌ တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း