KNU ပူးပေါင်းအဖွဲ့များ ဝိုင်းဝန်းပိတ်ဆို့ထားသည့် ချောင်းနှစ်ခွစခန်းတစ်ဝိုက်ကို ရက်ပေါင်း(၅၀)အကြာ၌ တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့
မြူနစ် (NSS) - ဒီဇင်ဘာ ၂၉
KNU ပူးပေါင်းအဖွဲ့များ ဝိုင်းဝန်းပိတ်ဆို့ထားသည့် ချောင်းနှစ်ခွစခန်းတစ်ဝိုက်ကို ရက်ပေါင်း(၅၀)အကြာ၌ နစက၏ တပ်မတော်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းနှင့် ချောင်းနှစ်ခွကျေးရွာတစ်ဝိုက်ကို ယနေ့ (ဒီဇင်ဘာလ ၂၉ ရက်) တွင် တပ်မတော်လုံခြုံရေးအဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းစစ်ဆင်ရေးနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NSS ကို ပြောသည်။
“ချောင်းနှစ်ခွရဲစခန်းကို ဝိုင်းထားတဲ့ အယ်ဆေးဝါးတို့ရဲ့ KNLA၊ PDF ပူးပေါင်းအဖွဲ့တွေကို တပ်က နောက်ကနေ ပြန်ပတ်ဝိုင်းပြီးတော့ တိုက်တာပေါ့။ နှစ်ဖက်ညှပ်ပြီး တိုက်တာပေါ့။ အဲဒီပူးပေါင်းအဖွဲ့တွေ ဆုတ်ပြေးသွားတယ်။ ပိတ်ဆို့ခံထားရတဲ့ KNLA နဲ့ PDF လက်ကျန်အဖွဲ့တွေကို ရှင်းလင်းရေး ဆက်လုပ်နေတယ်။ အခုတော့ ချောင်းနှစ်ခွနယ်မြေတစ်ခွင်လုံးကို တပ်က ပြန်လည်ထိန်းချုပ်နိုင်ပါပြီ။ ရက်ပေါင်း (၅၀)အကြာ ချောင်းနှစ်ခွစခန်းထဲမှာ ပိတ်မိနေတဲ့ တပ်မတော်သားတွေ တောင့်ခံပြီးတော့ တိုက်ရင်းနဲ့ ဘေးက စစ်ကူ၊ ပစ်ကူတွေနဲ့ တိုက်ရင်း နယ်မြေကို ရှင်းလင်းရေးပြန်လုပ်နိုင်ခဲ့တာ” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။
KNU လက်အောက်ခံ KNLA အဖွဲ့၊ NUG လက်အောက်ခံ PDF အဖွဲ့နှင့် KTLA ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော နိုဝင်ဘာလ ၁၀ ရက်မှစတင်ကာ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းနှင့် လုံခြုံရေးအဖွဲ့များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း၌ KNU ပူးပေါင်းအဖွဲ့သည် ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ချောင်းနှစ်ခွကျေးရွာရှိ အတ္တရံမြစ်ကူး ချောင်းနှစ်ခွတံတားကို မိုင်းထောက်ဖောက်ခွဲကာ ဖျက်ဆီးခဲ့သည်။
“ဒီနေ့က ရက်ပေါင်း ၅၀ ပြည့်တဲ့နေပေါ့။ ချောင်းနှစ်ခွစခန်းနဲ့ ချောင်းနှစ်ရွာပတ်လည်ကို တပ်က စိုးမိုးမှု ပြန် လည်ရယူနိုင်ခဲ့ပါပြီ” ဟု အထက်ပါသတင်းအရင်းအမြစ်ကပြောသည်။
ထို့ပြင် ချောင်းနှစ်ခွတိုက်ပွဲအတွင်း တပ်မတော်လုံခြုံရေးအဖွဲ့ဘက်မှ လက်နက်ချသူများရှိခဲ့သော်လည်း ချောင်းနှစ်ခွရဲစခန်းအတွင်းရှိ လုံခြုံရေးအဖွဲ့ဝင်များသည် လက်နက်ချခြင်းမရှိဘဲ ရက်ပေါင်း(၅၀)ကြာ ပိတ်ဆို့တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်လုံခြုံရေးအဖွဲ့အနေဖြင့် ချောင်းနှစ်ခွရွာတစ်ဝိုက်အား လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇန်နဝါရီလတွင်စတင်ခွင့်ပြုမည့် Online Sales လုပ်ငန်းများအနေဖြင့် မှတ်ပုံတင်ကြေးပေးဆောင်ရမည်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း