ဂျပန်ကိတ်မုန့်ဆိုင်တစ်ဆိုင် စျေးဝယ်သူတွေအပေါ် လူသိထင်ရှားသတင်းစာရှင်းလင်းပွဲလုပ်ကာ တောင်းပန်ခဲ့ရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၉
ဂျပန်ကိတ်မုန့်ဆိုင် Takashimaya ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ်စမတ်နေ့က စတော်ဘယ်ရီ ကိတ်မုန့်မှာယူခဲ့တဲ့ဝယ်ယူသူတွေကို အိမ်ရှေ့အရောက်ကိတ်မုန့်တွေ ပို့ပေးခဲ့ပေမယ့် ကြေမွပုံပျက်ပြီး ရောက်လာတာကြောင့် ဝယ်ယူသူတွေရဲ့အပြစ်တင်ဝေဖန်မှုတွေ ခံစားခဲ့ရပါတယ်။
အဆိုပါဖြစ်ရပ်မှာ ကိတ်မုန့်ဝယ်ယူသူအချို့က ၎င်းတို့ရဲ့ပုံပျက်နေတဲ့ ခရစ္စမတ်ကိတ်မုန့်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက်မှာ Takashimaya ဟာ ရက်အတန်ကြာ ဝေဖန်မှုတွေ ခံစားခဲ့ရတာဖြစ်ပါတယ်။
လှပတဲ့ စတော်ဘယ်ရီသီးကိတ်မုန့်တွေဖြစ်တာကြောင့် ဝယ်ယူသူတွေကလည်း မျှော်လင့်ချက်ကြီးကြီးနဲ့ မှာယူခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် ကိတ်မုန့်တွေဟာ မျှော်လင့်ထားတာနဲ့ တခြားစီဖြစ်ပြီး ပုံပျက်ပြီးမှ ရောက်လာတာ ကြောင့် ဒေါသထွက်ခဲ့ကြပါတယ်။
ကိတ်ဆိုင်ကလည်း အဲဒီနေ့က အေးခဲထားတဲ့ ကိတ်မုန့်ပေါင်း ၃ဝဝဝ နီးပါး ရောင်းချခဲ့ရပေမယ့် အဲဒီထဲက ၈ဝဝ ကျော်ဟာ အင်္ဂါနေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ ပျက်ဆီးပြီး ဝယ်သူတွေ လက်ထဲရောက်ထဲ့တယ်ဆိုတာ အတည်ပြု သိရှိခဲ့ရပါတယ်။ ဒီအတွက် Takashimaya က "ကျွန်ုပ်တို့ရဲ့ဖောက်တွေ မျှော်လင့်တကြီးမှာထားတဲ့ ကိတ်မုန့်တွေ ပုံပျက်သွားတဲ့အတွက် အလေးအနက်တောင်းပန်လိုပါတယ်" လို့ ကိတ်ဆိုင်ရဲ့အကြီးအကဲ ကာဇူဟီဆာယိုကိုရာမာ က နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့ပါတယ်။
ပျက်စီးခဲ့တဲ့ ကိတ်မုန့်တွေအတွက် လျော်ကြေးပေး၊ မပေးကိုတော့ မသိရသေးပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်သူဋ္ဌေးကြီး စတိဗ်ဘဲလ်မာ တစ်နှစ်အတွင်း Microsoft မှ အမြတ်ဝေစု ဒေါ်လာ ၁ ဘီလျံရနိုင်
RELATED POSTS
22 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း