ကမ္ဘာကျော်သူဋ္ဌေးကြီး စတိဗ်ဘဲလ်မာ တစ်နှစ်အတွင်း Microsoft မှ အမြတ်ဝေစု ဒေါ်လာ ၁ ဘီလျံရနိုင်
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၉
ကမ္ဘာပေါ်မှာ ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဘယ်လ်မာဟာ ၂ဝ၂၄ ခုနှစ်မှာ ၎င်းရဲ့ Microsoft မှ အမြတ်ဝေစု ဒေါ်လာ ၁ လီလျံကို တစ်နှစ်အတွင်း စုဆောင်းတော့မယ်လို့ သိရပါတယ်။
ဒီသတင်းဟာ နည်းပညာကုမ္ပဏီကြီးက ၎င်းရဲ့သုံးလတစ်ကြိမ် အမြတ်ဝေစုကို ရှယ်ယာတစ်ခုစီမှာ ၇၅ ဆင့် (သို့မဟုတ်) နှစ်စဉ် ရှယ်ယာမှာ ၃ ဒေါ်လာအထိ တိုးပေးပြီးနောက်မှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
Microsoft ရဲ့ CEO ဟောင်းဖြစ်သူ ဘယ်လ်မာ ဟာ ၂ဝ၁၄ ခုနှစ်အထိအတွင်း ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုး ၃၃၃ ဒသမ ၂ သန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၎င်းဟာ ရှယ်ယာရဲ့ ၄ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ဒါဟာ Microsoft ရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ကလည်း အမြတ်ဝေစုတွေကိုလျှော့ဖို့ ဆုံးဖြတ်ခြင်းမရှိဘူးဆိုတာ ပြသနေပါတယ်။
ဒါပေမယ့် အခြားတစ်ဖက်မှာတော့ ProPublica သတင်းဌာနမှ ဖော်ပြချက်အရ ဘယ်လ်မာဟာ ၂ဝ၁၈ ခုနှစ် ကတည်းက ဝင်ငွေဒေါ်လာ ၆၅၆ သန်း ရှိခဲ့ပြီး တစ်နှစ်ကို အခွန် ၅ဝဝဝဝဝ (သို့မဟုတ်) အဲဒီထက်ပိုကာ အမြတ် ဝေစုရဲ့ ၂ဝ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သူဟာ သူစုဆောင်းထားတဲ့ Microsoft အမြတ်ဝေစုအတွက် အခွန်ဒေါ်လာ သန်း ၂ဝဝ နီးပါး ပေးဆောင်ရတော့မယ်လို့ ဆိုလိုပါတယ်။
ဘဲလ်မာဟာ ဒီလိုအမြတ်ဝေစုများများ ပေးရတဲ့ တစ်ဦးတည်းသော စတော့ရှယ်ယာ ပိုင်ဆိုင်သူတော့ မဟုတ်ပါဘူး။ Chevron၊ Bank of America၊ Apple၊ Coca-Cola၊ Kraft Heinz နဲ့ American Express လုပ်ငန်းတွေဟာလည်း အလားတူ အခွန်ဒေါ်လာ သန်းနဲ့ချီ ပေးဆောင်ရတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲ၏ ကာဗွန်ခြေရာများ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း