Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟူသီလက်နက်ကိုင်အဖွဲ့ပစ်ခတ်ခဲ့သော ဒရုန်းနှင့် ဒုံးကျည်အများအပြားကို အမေရိကန်တပ်က ကြားဖြတ်ပစ်ချခဲ့

Pika (NSS) - ဒီဇင်ဘာ ၂၇ 

အမေရိကန်တပ်ဖွဲ့များသည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်ရေးဒရုန်း တစ်ဒါဇင် နှင့် ဒုံးကျည်အများအပြားကို ပစ်ချခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ဒီဇင်ဘာလ(၂၆)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာချုပ်၏ ကွပ်ကဲမှုဌာနက "အဲဒီတိုက်ခိုက်မှုအတွင်း သင်္ဘောတွေပျက်စီးတာ ဒါမှမဟုတ် လူထိခိုက် ဒဏ်ရာရရှိတာမျိုးတွေ မရှိခဲ့ပါဘူး။ နာရီပေါင်း(၁ဝ)နာရီအတွင်းမှာ  ဒရုန်း(၁၂)စင်း၊ ဖျက်သင်္ဘော ပဲ့ထိန်း ဒုံးကျည် (၃)စင်း၊ မြေပြင်တိုက်ခိုက်ရေးဒုံးကျည်(၂)စင်းတို့ကို အမေရိကန်တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ပင်လယ်နီအတွင်း သွားလာနေသော သင်္ဘောတစ်စင်းကို ဒုံးကျည်ဖြင့်တိုက်ခိုက်ခြင်း နှင့် အစ္စရေးကို ပစ်မှတ်ထားကာ ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခြင်းတို့အတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ပြောခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် "MSC UNITED လို့အမည်ရတဲ့ ကုန်တင်သင်္ဘောတစ်စီးကို ကျွန်တော်တို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ အစ္စရေးနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဒရုန်း အများအပြားလည်း လွှတ်တင်ခဲ့ပါတယ်" ဟု ရေးသားထားသည်။ 

အစ္စရေး-ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့သည့် အောက်တိုဘာလ(၇)ရက်ကတည်းက ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီဒေသတွင် ဒရုန်းများ၊ ဒုံးကျည်များဖြင့်် ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသအပေါ် လုပ်ဆောင်နေသော အစ္စရေး၏ ထိုးစစ်ဆင်မှု များ ရပ်တန့်စေရန်အတွက် အစ္စရေးနိုင်ငံအပြင် ၎င်းတို့နှင့်ဆက်နွယ်နေသော သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ပြောခဲ့သည်။


ထို့အပြင် ဒီဇင်ဘာလ(၂၆)ရက် အစောပိုင်းတွင် ယီမင်နိုင်ငံ အနောက်ဖက်ကမ်းရိုးတန်းရှိ Hodeida ဆိပ်ကမ်း အနီးတွင် ပေါက်ကွဲသံများကြားခဲ့ရကြောင်း ဗြိတိန်ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်း(UKMTO) က ပြောကြားခဲ့ သည်။ 

သို့သော်လည်း ဆိပ်ကမ်းအနီးရှိ ကုန်တင်သင်္ဘောပျက်စီးခြင်းမျိုး နှင့် သင်္ဘောအမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိခြင်း မျိုးမရှိခဲ့ကြောင်း (UKMTO) က ပြောကြားခဲ့သည်။ ဒီဇင်ဘာလ(၂၆)ရက် အစောပိုင်းတွင် Hodeida ကမ်းလွန် ပင်လယ်ပြင်ရှိ သင်္ဘောတစ်စီးအနီးတွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်ရေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေး-ဟားမက် စတင်ဖြစ်ပွားခဲ့သည့်နောက်ပိုင်းတည်းက ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒရုန်းများ နှင့် ဒုံးကျည်အစင်းရေ(၁ဝဝ)ကျော်ဖြင့် ကုန်တင်သင်္ဘော(၁ဝ)စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန် က ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများ၏ (၁၂)ရာခိုင်နှုန်းရှိသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို အန္တရာယ်ဖြစ်စေခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် ကုန်တင်သင်္ဘော များကို ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန်အတွက်နိုင်ငံပေါင်း(၂ဝ)ခန့် ပါဝင်သော  ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းကာ ကင်းလှည့်နေခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမည့်ဇန်နဝါရီလမှ စတင်၍ ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာများကို တိုးမြှင့်ပေးမည်

RELATED POSTS
RECENT POSTS
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved