လာမည့်ဇန်နဝါရီလမှ စတင်၍ ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာများကို တိုးမြှင့်ပေးမည်
Pika (NSS) - ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာကို လာမည့်ဇန်နဝါရီလတွင် စတင်တိုးပေးသွားမည်ဖြစ်သကဲ့သို့ မတ်လတွင်လည်း ထပ်မံတိုးမြှင့်ပေးရန် စီစဉ်ထားကြောင်း ထိုင်းဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်က ဒီဇင်ဘာလ (၂၆) ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမားကိုယ်စားလှယ်များပါဝင်သည့် လုပ်ခလစာ တိုးမြှင့်ရေးကော်မတီသည် လာမည့် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလတွင် နေ့စဉ်အနိမ့်ဆုံးလုပ်ခလစာကို (၂ ဒသမ ၄) ရာခိုင်နှုန်းတိုးမြှင့်ပေးရန် သဘောတူညီထားသော်လည်း အဆိုပါတိုးမြှင့်ပေးသောပမာဏက အလွန်နည်းပါးသည်ဟု ယူဆကြောင်း ဆာရက်တာသာဗီဆင်က ပြောကြားခဲ့သည်။
ဆာရက်တာသာဗီဆင်၏ အာဏာရဖြူထိုင်းပါတီသည် နေ့စဉ် အနိမ့်ဆုံးလုပ်ခလစာကို ဘတ်(၄ဝဝ) အထိ တိုးမြှင့်ပေးရန် အစီအစဉ်ဖြင့် မဲဆွယ်စည်းရုံးမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားဝန်ကြီး Phipat Ratchakitprakarn က "ဒေသတွင်းလုပ်ခနှုန်းတွေနဲ့ ပရော်ဖက်ရှင်နယ်အဖွဲ့တွေပါဝင်တဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတစ်ခုက လုပ်ခလစာတိုးမြှင့်ပေးရမယ့် နယ်ပယ်တွေနဲ့ အုပ်စုတွေကို လာမည့်မတ်လမှာ အဆုံးအဖြတ်ပေးသွားမှာပါ" ဟု ပြောခဲ့သည်။
ထိုင်းနိုင်ငံ၏ လက်ရှိ အနိမ့်ဆုံးလုပ်ခလစာမှာ (၃၂၈)ဘတ်မှ (၃၅၄)ဘတ်ဖြစ်ကြောင်း သိရသည်။
ချေးယူစရိတ်များ တိုးလာချိန် နှင့် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးသည် ဒေသတွင်းပြိုင်ဖက်များ ကြားတွင် နောက်ကျကျန်ခဲ့နေချိန်တွင် လုပ်ခလစာများ တိုးမြှင့်ပေးခြင်းသည် စက်မှုလုပ်ငန်းများ၏ ယှဉ်ပြိုင် နိုင်စွမ်းများကို လျော့ကျသွားစေနိုင်ကြောင်း ကုမ္ပဏီများက သတိပေးထားသည်။
ထိုင်းနိုင်ငံ၏ စားသုံးသူဈေးနှုန်းညွှန်းကိန်း(CPI) သည် ယခုနှစ်အစောပိုင်းမှ စတင်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင်(ဝ ဒသမ ၄) ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ကာ ပြီးခဲ့သည့်သုံးနှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ် အမှုမှ တရားသေလွတ်မြောက်
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း