ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ် အမှုမှ တရားသေလွတ်မြောက်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၇
ထိုင်းရာဇဝတ်တရားရုံးချုပ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝါထရာကို အကျင့်ပျက်လာဘ်စားမှုစွဲချက်ဖြင့် တရားစွဲဆိုထားရာမှ တရားသေလွှတ်ပေးလိုက်ကြောင်း သိရသည်။
ထိုင်းတရားရုံးချုပ်သည် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ညီမအရင်းဖြစ်သူ ယင်းလပ်ကို အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူးထံ ငွေကြေးများ တရားဝင်လွှဲပြောင်းရယူခဲ့သည်ဟု စွပ်စွဲခဲ့သောအမှုကို တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တရားရုံးချုပ်သည် ယင်းလပ် အား ဖမ်းဆီးရန်ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။ ထိုင်းတရားရုံးချုပ်က ယင်လပ် အပေါ်စွဲဆိုထားသော စွဲချက်များနှင့်ပတ်သက်ပြီး ခိုင်လုံသော သက်သေပြသနိုင်ခြင်းမရှိသည့်အတွက် တရားသေလွှတ်ပေးခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ တရားလိုသည် ယင်လပ်က ငွေကြေးလွှဲပြောင်းမှုများကို စီစဉ်ညွှန်ကြားခြင်း၊ ကြားဝင်စွက်ဖက်ခြင်းများလုပ်ဆောင်ခဲ့သည်ဟူသော သက်သေများပြသနိုင်ခြင်းများ မရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယင်လပ်သည် ၎င်းအပေါ် စွဲဆိုထားသေ စွဲချက်များနှင့်ပတ်သက်ပြီး အဖမ်းမခံလိုသည့်အတွက် လက်ရှိအချိန်တွင် ပြည်ပြေးအဖြစ် နေထိုင်နေရသူဖြစ်ရာ အမှုမှ လွတ်သွားသည့်အတွက် ထိုင်းနိုင်ငံသို့ ပြန်လာဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
ယင်လပ်သည် ထိုင်းနိုင်ငံသမိုင်းတွင် ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ထိုင်းစစ်တပ်၏ အာဏာသိမ်းခံရသူလည်းဖြစ်သည်။ ထိုင်းစစ်တပ်၏ အာဏာအသိမ်းခြင်းကို ခံခဲ့ရပြီးနောက် ယင်လပ်သည် အကျင့်ပျက်လာဘ်စားမှု များဖြင့် စွဲချက်တင်ခံခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖင်လန်၊ နော်ဝေးနိုင်ငံတို့နှင့်ထိစပ်နေသော နယ်စပ်အနီးတွင် နောက်ဆုံးပေါ် ဟောင်ဝစ်ဇာတင့်ကားများကို ဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရကြေညာ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း