ပြည်မြို့တွင် တစ်ရပ်ကွက်တည်းနေသူချင်း စကားများရန်ဖြစ်ရာမှ အမျိုးသမီးတစ်ဦး ဓားထိုးခံရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၆
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့တွင် တစ်ရပ်ကွက်တည်းနေသူချင်းစကားများ ရန်ဖြစ်ကြရာ အမျိုးသမီးတစ်ဦး ဓားဖြင့်အထိုးခံခဲ့ရကြောင်း ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယမန်နေ့(ဒီဇင်ဘာလ ၂၅ ရက်)၊ ည ၁၀ နာရီအချိန်တွင် ပြည်မြို့၊ ကိုးသောင်းဈေးမီးပွိုင့်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းမပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိရတာတော့ ဓားနဲ့ထိုးတဲ့ ဦးလေးကြီးက အထိုးခံရတဲ့ အန်တီးကြီးအိမ်အနီးနားကပါ။ စကားများပြီး ခုလိုဓားနဲ့ထိုးတာလို့ သိရတာပေါ့နော်။ အဲဒါနဲ့ အိုးဝေမောင်းတဲ့လူတွေက ဓားနဲ့ထိုးတဲ့ လူကိုဝိုင်းဖမ်းပေးထားတာပေါ့”ဟု ပရဟိတပါရမီအသင်းမှ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ဓားဖြင့်အထိုးခံရသည့် အသက်(၆၀)နှစ်ဝန်းကျင် အမျိုးသမီးတွင် ဇက်ပြတ်ရှဒဏ်ရာနင့် ခါးထိုးသွင်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဓားနဲ့အထိုးခံရတဲ့ အန်တီကြီးက ဂုတ်မှာ တစ်ချက်နဲ့ ခါးနားမှာ ဓားနဲ့အထိုးခံရတဲ့ ဒဏ်ရာတွေရှိတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဓားနဲ့ထိုးတဲ့လူကိုတော့ အိုးဝေမောင်းတဲ့ လူတွေကဖမ်းပေးထားပြီး ရဲတွေလည်းရောက်လာတော့ ဖမ်းခေါ်သွားတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးအား ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းမှ ပြည်မြို့ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအမျိုးသားအား သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ဘေးရှောင်ကလေးများပါ ပညာသင်ကြားခွင့်ရမည့် IBEC ကျောင်း၏ "လိုသမျှပေးပညာရေး"အစီအစဥ်ကိုဆက်သွယ်စာရင်းပေးထားသူ ရာနှင့်ချီရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ