Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိုလံပစ် ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တရုတ်နိုင်ငံတွင် (၁ဝ)ရက်ကြာသွား ရောက်လေ့ကျင့်မည်

ရဲပြည့် (NP News) - မတ် ၁၅ 


၂ဝ၂၄ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းလေ့ကျင့်ရေး အစီအစဉ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Haigeng Training Center တွင် မတ်လ ၁၄ ရက်မှ ၂၄ ရက် အထိ သွားရောက် လေ့ကျင့်ခြေစမ်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က ယနေ့ (မတ်လ ၁၅ ရက်)တွင် ထုတ်ပြန်ထားသည်။


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား (၂၄)ဦးဖြင့် သွားရောက် လေ့ကျင့်ခြေစမ်းမည်ဖြစ်ပြီး ခရီးစဉ်အတွင်း ခြေစမ်းပွဲများအဖြစ် မတ်လ ၁၇ ရက်တွင် ကမ္ဘောဒီးယား အမျိုးသမီးအသင်း၊ မတ်လ ၁၉ ရက်တွင် Sichuan FC ၊ မတ်လ ၂၂ ရက်တွင် Changchun FC တို့နှင့်ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။


၂ဝ၂၄ အိုလံပစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အမျိုးသမီးလိဂ် ၂ဝ၂၂ အပြီး နိုဝင်ဘာလမှ စတင်ကာ ပဏာမ ကစားသမား (၃၅)ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီးနောက် အိုလံပစ် ခြေစစ်ပွဲအတွက် ပဏာမ ကစားသမား (၂၄)ဦးကို ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ထို့ပြင် ၂ဝ၂၄ ပါရီ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက် ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု(B)တွင် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်းကျရောက်နေပြီး အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှ လက်ခံကျင်းပရန် စီစဉ်လျက်ရှိသည်။


မြန်မာအမျိုးသမီးအသင်းသည် တရုတ်နိုင်ငံလေ့ကျင့်ရေးခရီးစဉ်အတွက် ရွေးချယ်ထားသည့် ကစားသ မား(၂၄)ဦးတွင် အသင်း၏ အဓိကစားဖြစ်သည့် ဝင်းသိင်္ဂထွန်း ပါဝင်နိုင်ခြင်းမရှိသေးဘဲ ရန်ကုန်တွင် ကျင်းပမည့်ခြေစစ်ပွဲတွင်သာ ပြန်လည်ပူးပေါင်းသွားမည်ဖြစ်ကြောင်းလည်းသိရသည်။


လက်ရှိတွင် မြန်မာအမျိုးသမီး ယူ-၂ဝ ဘောလုံးအသင်းသည် ၂ဝ၂၄ အာရှအမျိုးသမီး ယူ-၂ဝပြိုင်ပွဲတွင် မလေးရှားအသင်းကို အနိုင်ရရှိခဲ့ပြီး ပထမအဆင့် ခြေစစ်ပွဲကိုအောင်မြင်သွားခဲ့ပြီဖြစ်သည်။


အဆိုပါပြိုင်ပွဲသို့ အာဆီယံနိုင်ငံများအတွင်းမှ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့သာ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မဲရွေးချယ်ရာတွင်လည်း တစ်အုပ်စုတည်းကျရောက်နေကြောင်းလည်းသိရသည်။

zawgyi version

အိုလံပစ္ ေျခစစ္ပြဲမတိုင္မီ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္း တ႐ုတ္ႏိုင္ငံတြင္ (၁ဝ)ရက္ၾကာသြား ေရာက္ေလ့က်င့္မည္ 

ရဲျပည့္ (NP News) - မတ္ ၁၅ 


၂ဝ၂၄ အိုလံပစ္ အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲ ပထမအဆင့္ ေျခစစ္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရမည့္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းသည္ ၿပိဳင္ပြဲအႀကိဳ ေျခစမ္းေလ့က်င့္ေရး အစီအစဥ္အျဖစ္ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕ရွိ Haigeng Training Center တြင္ မတ္လ ၁၄ ရက္မွ ၂၄ ရက္ အထိ သြားေရာက္ ေလ့က်င့္ေျခစမ္းမည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF) က ယေန႔ (မတ္လ ၁၅ ရက္)တြင္ ထုတ္ျပန္ထားသည္။


ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းသည္ ပဏာမ ကစားသမား (၂၄)ဦးျဖင့္ သြားေရာက္ ေလ့က်င့္ေျခစမ္းမည္ျဖစ္ၿပီး ခရီးစဥ္အတြင္း ေျခစမ္းပြဲမ်ားအျဖစ္ မတ္လ ၁၇ ရက္တြင္ ကေမာၻဒီးယား အမ်ိဳးသမီးအသင္း၊ မတ္လ ၁၉ ရက္တြင္ Sichuan FC ၊ မတ္လ ၂၂ ရက္တြင္ Changchun FC တို႔ႏွင့္ေျခစမ္းပြဲမ်ား ကစားမည္ျဖစ္သည္။


၂ဝ၂၄ အိုလံပစ္ေျခစစ္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းကို အမ်ိဳးသမီးလိဂ္ ၂ဝ၂၂ အၿပီး ႏိုဝင္ဘာလမွ စတင္ကာ ပဏာမ ကစားသမား (၃၅)ဦးျဖင့္ စတင္ေလ့က်င့္ခဲ့ၿပီးေနာက္ အိုလံပစ္ ေျခစစ္ပြဲအတြက္ ပဏာမ ကစားသမား (၂၄)ဦးကို ဆက္လက္ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။


ထို႔ျပင္ ၂ဝ၂၄ ပါရီ အိုလံပစ္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲ အာရွဇုန္ ေျခစစ္ပြဲ ပထမအဆင့္တြင္ ျမန္မာ့လက္ ေ႐ြးစင္ အမ်ိဳးသမီးအသင္းသည္ အုပ္စု(B)တြင္ အီရန္၊ ဘဂၤလားေဒ့ရွ္၊ ေမာ္လ္ဒိုက္စ္တို႔ႏွင့္အတူ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး အိမ္ရွင္အျဖစ္ ျမန္မာႏိုင္ငံမွ လက္ခံက်င္းပရန္ စီစဥ္လ်က္ရွိသည္။


ျမန္မာအမ်ိဳးသမီးအသင္းသည္ တ႐ုတ္ႏိုင္ငံေလ့က်င့္ေရးခရီးစဥ္အတြက္ ေ႐ြးခ်ယ္ထားသည့္ ကစားသ မား(၂၄)ဦးတြင္ အသင္း၏ အဓိကစားျဖစ္သည့္ ဝင္းသိဂၤထြန္း ပါဝင္ႏိုင္ျခင္းမရွိေသးဘဲ ရန္ကုန္တြင္ က်င္းပမည့္ေျခစစ္ပြဲတြင္သာ ျပန္လည္ပူးေပါင္းသြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။


လက္ရွိတြင္ ျမန္မာအမ်ိဳးသမီး ယူ-၂ဝ ေဘာလုံးအသင္းသည္ ၂ဝ၂၄ အာရွအမ်ိဳးသမီး ယူ-၂ဝၿပိဳင္ပြဲတြင္ မေလးရွားအသင္းကို အႏိုင္ရရွိခဲ့ၿပီး ပထမအဆင့္ ေျခစစ္ပြဲကိုေအာင္ျမင္သြားခဲ့ၿပီျဖစ္သည္။


အဆိုပါၿပိဳင္ပြဲသို႔ အာဆီယံႏိုင္ငံမ်ားအတြင္းမွ ျမန္မာ ႏွင့္ ဗီယက္နမ္အသင္းတို႔သာ တက္ေရာက္ႏိုင္ခဲ့ၿပီး ဒုတိယအဆင့္ေျခစစ္ပြဲအတြက္ မဲေ႐ြးခ်ယ္ရာတြင္လည္း တစ္အုပ္စုတည္းက်ေရာက္ေနေၾကာင္းလည္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်း တောစပ်တစ်နေရာမှာ ရုပ်အလောင်းသုံးလောင်း တွေ့ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ဖွယ်ရှိနေဟု ထိုင်းရဲတပ်ဖွဲ့ပြော

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved