လောင်းလုံးမြို့အတွင်းသို့ PDF အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂)ဦးသေဆုံးပြီး ကလေးငယ်(၄)ဦးအပါအဝင် (၈)ဦး ထိခိုက်ဒဏ်ရာရ
Pearl (NSS) - ဒီဇင်ဘာ ၂၂
လောင်းလုံးမြို့အတွင်းသို့ PDF အဖွဲ့က လက်လုပ်စိန် ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂)ဦးသေဆုံးပြီး ကလေးငယ် (၄)ဦးအပါအဝင် (၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထား သည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်)၊ နံနက် (၉)နာရီအချိန်ခန့်တွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
PDF အဖွဲ့သည် လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည်ဆုတ်ခွာထွက် ပြေးသွားစဉ် လောင်းလုံးမြို့၏ အရှေ့တောင်ဘက် မီတာ ၁၁၀၀ ခန့်အကွာမှနေ၍ လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကမှပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် လောင်းလုံးမြို့၊(ခ)ရပ်ကွက် ၊ အောင်ချမ်းသာဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါအလုပ်သမားတန်းလျားတွင် နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ကလေးငယ်လေးဦးအပါအဝင် ရှစ်ဦးဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားသတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ