ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကားတစ်စီး မီးလောင်မှုဖြစ်ပွား
စော(NSS) - ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်စခန်းထံမှ သိရသည်။
ယမန့်နေ(ဒီဇင်ဘာလ ၂၀ ရက်)၊ ည(၉)နာရီဝန်းကျင်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂၄)ရပ်ကွက်၊ မြိတ်လမ်း၌ ကားမီးလောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
“မောင်းနေရင်း အင်ဂျင် Heat တက်ပြီးတော့ အင်ဂျင် စက်ခန်းမီးလောင်သွားတာပါ။ ကားအင်ဂျင်ခန်းရယ်၊ ရှေ့လေကာမှန်ရယ် ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။TOYOTA Wish အနီရောင်ပါ”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ကားမီးလောင်မှုအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည (၉)နာရီ(၆)မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ကား၏ အင်ဂျင်ခန်းနှင့် ရှေ့လေကာမှန်တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲ တမ်းမသန်စွမ်းဖြစ်ခဲ့သော မြန်မာလုပ်သားအတွက် အကျိုးခံစားခွင့်များရရှိရန် ဆောင်ရွက်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ