သားအဖချင်းစကားများရန်ဖြစ်ရာမှ တစ်ဦးကိုတစ်ဦးအပြန်အလှန်ဓာတ်ဆီလောင်းကာမီးရှို့သတ်ဖြတ်မှု ပူတာအိုမြို့၌ ဖြစ်ပွားခဲ့
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် သားအဖချင်းစကားများရန်ဖြစ်ရာမှ တစ်ဦးကိုတစ်ဦးအပြန်အလှန်ဓာတ်ဆီလောင်းကာ မီးရှို့သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ခမ်းတီလုန်ပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(ဒီဇင်ဘာလ ၁၇ ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်တွင် အထက် ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သားဖချင်းစကားများရန်ဖြစ်တာပေါ့။ ပြောကြတာတော့သူတို့ သားဖ(၂)ယောက်လုံးက မူးနေကြတာတဲ့။ အဲဒါရန်ဖြစ်တော့ အခန်းထဲမှာ တံခါးကိုကလန့်ထိုးပြီး တစ်ယောက်ကိုတစ်ယောက်မီးရှို့ကြတာ။ သူ့သားက မူးလာရင်အရမ်းဆိုးတယ်တဲ့။ တစ်အိမ်သားလုံးကိုရန်ရှာတာ”ဟု ခမ်းတီလုန်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် အသက်(၆၅)နှစ်အရွယ် ဖခင်ဖြစ်သူ ဦးအောင်ဝင်းတွင် မီးလောင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အသက်(၃၂)နှစ်အရွယ် သားဖြစ်သူ ကိုအောင်ချမ်းမြေ့ဝင်းသည်လည်း ရရှိခဲ့သည့် မီးလောင်ဒဏ်ရာများဖြင့်ဒီဇင်ဘာလ ၂၀ ရက်တွင် ဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
“လောင်တာတော့ သူတို့(၂)ယောက်လုံးလောင်တာ။ အိမ်ကိုတော့အများကြီးမလောင်ဘူး။ ရပ်ကွက်ထဲကလူတွေက မီးသတ်ဆေးဗူးတွေနဲ့ မီးငြှိမ်းပေးခဲ့လို့အကုန်မလောင်သွားတာ။ သူတို့တွေက ခဏခဏရန်ဖြစ်ကြတယ်။ ပူတာအိုကမဟုတ်ဘူး။ မြစ်ကြီးကနေလာပြီး အလုပ်လာလုပ်ကြတာ။ တစ်မိသားစုလုံးပေါ့။ သားဖြစ်သူက ဖုန်းဆိုင်ဖွင့်တယ်။ အဖေက အထည်ဆိုင်ဖွင့်ကြတာ”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုတွင် သေဆုံးသူ သားဖ(၂)ဦးအား ခမ်းတီလုန်ပရဟိတအသင်းမှ ပူတာအိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ယမန်နေ့(ဒီဇင်ဘာလ ၂၀) ရက်တွင် မီးသင်္ဂြုလ်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း၏အနာဂတ်အတွက် ရှင်းလင်းပြတ်သားသောအစီအစဉ်တစ်ခုရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ