ရန်ကုန်-မန္တလေးအမြန်လမ်း၌ Hijet ကားအား Van ကားတစ်စီးမှဝင်တိုက်ခဲ့ရာ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - ဒီဇင်ဘာ ၂၁
ရန်ကုန်-မန္တလေးအမြန်လမ်း၌ Hijet ကားအား Van ကားတစ်စီးမှ ဝင်တိုက်ခဲ့ရာ လူ(၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၁ ရက်)၊ နံနက် (၇)နာရီခွဲအချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြင်စည်အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
“မောင်းရင်းနဲ့ အရှိန်မထိန်းဘဲ နောက်ကဝင်တိုက်တာပါ။ ဝင်တိုက်တာက Nissan Caravan ကားပါ။ အတိုက်ခံရတာက Hijet ပါ”ဟု ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထို့ကြောင့် Hijet ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၉)ဦး စုစုပေါင်း (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ပြင်စည်လူနာတင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သို့သော် Nissan Caravan ကားပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ MoU အလုပ်သမားများကို မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့်စေလွှတ်နေမှုအားယာယီရပ်ဆိုင်းထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ