မြန်မာ MoU အလုပ်သမားများကို မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့်စေလွှတ်နေမှုအားယာယီရပ်ဆိုင်းထား
ကျော်(NSS) - ဒီဇင်ဘာ ၂၁
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ မြန်မာ MoU အလုပ်သမားများကို မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့စေလွှတ်နေခြင်းအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်မှစတင်၍ ယာယီရပ်ဆိုင်းခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီများမှ မြန်မာ MoU အလုပ်သမားများအား မြဝတီ-မဲဆောက်လမ်းကြောင်း၊ ကော့သောင်း-ရနောင်းလမ်းကြောင်းတို့မှတဆင့် ထိုင်းနိုင်ငံသို့စေလွှတ်လျက်ရှိသည်။
ထိုသို့ စေလွှတ်လျက်ရှိရာမှ မြဝတီ-မဲဆောက်လမ်း ကြောင်း၏ လမ်းခရီးအခြေအနေသည် မြန်မာ MOU အလုပ်သမားများအားစေလွှတ်ရန် မရသည့်အနေအ ထားဖြစ်နေ၍ ယင်းလမ်းကြောင်းအား ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
"မြဝတီလမ်းကြောင်းကနေလွှတ်ဖို့က အာရှလမ်းပိတ်နေတဲ့အတွက် စေလွှတ်မှုကို ယာယီရပ်ဆိုင်းခဲ့တာပါ။ လေကြောင်းနဲ့လွှတ်ဖို့ညှိနှိုင်းနေပါတယ်"ဟု အလုပ် သမားဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက NSS ကိုပြောသည်။
မြန်မာ MoU အလုပ်သမားများအား မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့်စေလွှတ်မှုကို ယာယီရပ်ဆိုင်းခဲ့သော်လည်း ကော့သောင်း-ရနောင်းလမ်းကြောင်းမှတဆင့်စေလွှတ်မှုကိုမူ ပုံမှန်အတိုင်းပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် အေဂျင်စီများမှ MoU U-turn လုပ်ငန်းစဥ်ဖြင့်စေလွှတ်ရန် တင်ပြလာမှုများကိုလည်း ပုံမှန်အတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သားအဖချင်းစကားများရန်ဖြစ်ရာမှ တစ်ဦးကိုတစ်ဦးအပြန်အလှန်ဓာတ်ဆီလောင်းကာမီးရှို့သတ်ဖြတ်မှု ပူတာအိုမြို့၌ ဖြစ်ပွားခဲ့
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း