Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
IBEC ကျောင်း၌ စစ်ဘေးရှောင်ဒေသများမှ ကလေးငယ် (၆၀)ကျော်ကို ပညာသင်ကြားပေးလျက်ရှိဟုဆို

ကျော်(NSS) - ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်၌ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)၌ ပညာသင်ကြားရန် စာရင်းပေးသွင်းတက်ရောက်နေသည့် စစ်ဘေးရှောင်ဒေသများမှ ကျောင်း သား၊ ကျောင်းသူ(၆၀)ဦးကျော်ရှိနေကြောင်း IBEC ၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။


စစ်ဘေးရှောင်ဒေသမှ ကလေးငယ်များပညာဆက်လက်သင်ကြားနိုင်စေရန်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ခွဲခြားမှုမရှိဘဲ လွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရန်ရည်ရွယ်၍ "လိုသမျှပေးပညာ ရေး" အစီအစဥ်ကို ဆရာတော်ကြီး၏ တိုက်ရိုက်တာဝန်ပေးချက်အရ IBEC ၏ဌာနမှူးများဦးဆောင်သည့် ပညာရေးဘုတ်အဖွဲ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"စစ်ဘေးရှောင်နေရင်း ပညာရေးတစ်ပိုင်းတစ်စဖြစ်နေတဲ့ စစ်ဘေးရှောင်ဒေသက ကလေးတွေဆက်လက်ပညာသင်ယူနိုင်ဖို့အတွက် ဆရာတော်ကြီးက အထူးအစီအစဥ်အနေနဲ့ဆောင်ရွက်ပေးတော်မူတာပါ။ ကျွန်တော်တို့ကိုလည်း တတ်နိုင်သမျှနည်းလမ်းနဲ့ကူညီပေးပါလို့မိန့်ကြားထားတယ်"ဟု ရုံးအဖွဲ့မှူးဦးကိုကိုက NSS ကိုပြောသည်။

ကောလင်းဒေသနှင့်ထီးချိုင့်ဒေသတို့အပါအဝင် စစ်ဘေးရှောင်ဒေသများမှ ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသည့် ကလေးငယ်များအား IBEC ၌ ပညာဆက်လက်သင် ကြားနိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းနှင့်စာရင်းပေးသွင်းခြင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်၊ နံနက် ၉ နာရီမှစတင်၍ ခရိုင်ပညာရေးမှူးထောက်ခံချက်ဖြင့် ၂၀၂၃-၂၄ ပညာသင်နှစ်၏ ဒုတိယနှစ်ဝက်ပညာသင်ကာလအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီအစီအစဥ်ကိုကြော်ငြာပြီးတဲ့အချိန်ကစပြီး ဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့လူက ရာကျော်ရှိနေပါပြီ။ သို့သော်သူတို့က ကိုယ်တိုင်လာရောက်အပ်နှံနိုင်ခြင်းမရှိသေးပါဘူး။ အကြောင်းရင်းက သူတို့စစ်ဘေးရှောင်နေတဲ့နေရာကနေ မထွက်လာနိုင်ကြသေးတဲ့အတွက်လို့ပြောကြတယ်။ ကျောင်းမှာကိုယ်တိုင်လာပြီးအပ်နှံထားတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က လက်ရှိအချိန်အထိဆိုရင် (၆၀)ဦးကျော်လောက်ရှိပါပြီ။ သူတို့ကအခုကျောင်းတက်နေကြပါပြီ"ဟု ရုံးအဖွဲ့မှူးဦးကိုကိုကပြောသည်။

IBEC ၌ ၂၀၂၃-၂၄ ပညာသင်နှစ်၏ ဒုတိယနှစ်ဝက်ပညာ သင်ကာလတက်ရောက်နေသည့် စစ်ဘေးရှောင်ဒေသများမှ ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးကျော်ရှိပြီးပညာသင်နှစ်စတင်ချိန်မှစ၍ တက်ရောက်ပညာသင်ကြားနေသည့် စစ်ဘေးရှောင်ဒေသများမှ ကျောင်းသား၊ကျောင်းသူအရေအတွက်သည်လည်း (၁၀၀၀)ဦးဝန်း ကျင်ခန့်ရှိနေကြောင်း ရုံးအဖွဲ့မှူးဦးကိုကို၏ပြောကြားချက်အရ သိရသည်။

ဒုတိယနှစ်ဝက်ပညာသင်ကာလအတွက် ကျောင်းတက်ရောက်နေပြီဖြစ်သည့် စစ်ဘေးရှောင်ဒေသများမှလာရောက်ရသည့် ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်စားသောက်မှုအား IBEC မှတာဝန်ယူပေးနိုင်ခြင်းမရှိသေးသည့်အတွက် ကျောင်းသား၊ ကျောင်းသူများသည်ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလ ရှင်ကျောင်းများ၊ အဆောင်များနှင့်ဆွေမျိုးမိတ်ဆွေများထံတွင်နေထိုင်ကာ ပညာဆက်လက်သင်ကြားနေကြရကြောင်း သိရသည်။

"အနာဂတ်မြန်မာနိုင်ငံကြီးတည်ဆောက်ရေးအတွက် ပညာရေးဟာ အင်မတန်အရေးကြီးတယ်။ တိုင်းပြည်ကို ပညာနဲ့တည်ဆောက်နိုင်လေလေ တိုင်းပြည်တိုးတက်ကြီးပွားလေပဲ။ တိုင်းပြည်မှာ ပညာတတ်/ပညာရှင်တွေပေါများလေလေ တိုင်းပြည်သာယာဝပြောလေပဲ"ဟု IBEC ဆရာတော်က မိန့်ကြားထားသည်။

ထို့ပြင် IBEC ဆရာတော်မှ တိုင်းပြည်ကိုချစ်၍ နောင်မျိုး ဆက်သစ်များကို မွေးထုတ်ပေးနေခြင်းဖြစ်ပြီး ပညာရည်နှလုံးရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနေခြင်းသည်လည်း တိုင်းပြည်ကိုချစ်ခြင်းကြောင့်ဖြစ်ကာ ပညာရေးကိုအနှောင့်အယှက်ပေးသူ၊ ပညာသင်ကြားခြင်းကိုမလိုလားသူများသည် တိုင်းပြည်ကိုဖျက်ဆီးနေခြင်းပင်ဖြစ်သည်ဟုလည်း ဆရာတော်ကမိန့်ကြားထားတော်မူသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လယ်ယာမြေ (၁၀) ဧကအထက် ပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် ကာလတိုချေးငွေ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း MRF အသိပေး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved