တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၂၄၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၂၄၀၀) ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော (ဒီဇင်ဘာလ ၁၈ ရက်)၊ ညနေ ၄ နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်ရှိ ခြံဝင်းတစ်ခုအတွင်းမှ စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုခြံဝင်းအတွင်းသို့ သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ အိုက်ကျုံး(၃၅)နှစ်၊ အိုက်ချန်း (၃၂)နှစ်တို့ထံမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း(၁၆၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၄)သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ အဆိုပါနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် အာနွန်ချမနန် (၂၆)နှစ်အား ငွေကျပ် (၃၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅)ပြားနှင့်အတူထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်ဖော်ထုတ်ချက်များအရ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်)၊ ညနေ ၄ နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ ဟွေရဲမြို့ရှောင်လမ်းဘေးရှိ ခြုံအတွင်းမှ အိုက်ကျုံးနှင့် အိုက်ချန်းတို့ သိမ်းဆည်းထားသော ငွေကျပ်သိန်း(၈၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ထံမှ စုစုပေါင်း ငွေကျပ်(၂၄၀၀ ဒသမ ၀၃၅)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၆)သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
၎င်းတို့(၃)ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီးကွင်း ဆက်များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှီကျင့်ဖျင်၏ ဝံပုလွေစစ်သည်တော် သံခင်းတမန်ခင်း နှင့် အာရှတလွှားနာကျည်းမှု၊ လာမည့်နှစ် ကမ္ဘာနိုင်ငံများကို အမှောင်ဖုံးမည့် အမေရိကန်ပြည်တွင်း နိုင်ငံရေး (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ