Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှီကျင့်ဖျင်၏ ဝံပုလွေစစ်သည်တော် သံခင်းတမန်ခင်း နှင့် အာရှတလွှားနာကျည်းမှု၊ လာမည့်နှစ် ကမ္ဘာနိုင်ငံများကို အမှောင်ဖုံးမည့် အမေရိကန်ပြည်တွင်း နိုင်ငံရေး (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဒီဇင်ဘာ ၂ဝ 

၂ဝ၂၃ ခုနှစ်ဟာ ကမ္ဘာကြီးဖွဲ့တည်ပုံအတွက် အလေးအနက်စိန်ခေါ်မှုတစ်ရပ်ကို မြင်တွေ့ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါ တယ်။ ဆယ်စုနှစ်များအတွင်း အမေရိကန်နဲ့ အခြားနိုင်ငံများက တည်ဆောက်ခဲ့တဲ့ စည်းမျဉ်းအခြေခံ နိုင်ငံတကာ စနစ်ဟာ ယခုအခါ ဒေသသုံးခုမှာ ခြိမ်းခြောက်မှုခံနေရတယ်လို့ တိုမ်းမ်း နယူးစ်ဝိခ်နဲ့ ဝါရှင်တန်ပို့စ် တို့ရဲ့ ပင်တိုင် ဆောင်းပါးရှင်နိုင်ငံရေးလ့လာသုံးသပ်သူ ဖာရိဒ်ဇက်ကာရီယာက ရေးသားပါတယ်။


ဥရောပမှာ ယူကရိန်းအပေါ် ဆင်နွှဲနေတဲ့ ရုရှားရဲ့စစ်ပွဲဟာ နယ်နိမိတ်များကို အင်အားသုံးပြီး မပြောင်းလဲသင့် ကြောင်း ကာလကြာရှည် တည်ရှိနေတဲ့ စံနှုန်းစနစ်ကို ပျက်ပြားစေခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြားစစ်ပွဲဟာ ဒေသတွင်း အန္တရာယ်မကင်းတဲ့ အမြစ်မြေလှန်ပြောင်းလဲမှုကို ခြိမ်းခြောက်နေပြီး၊ အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေဟာ လက်ဘနွန်မှ ယီမင်မှ အီရတ်နဲ့ ဆီးရီးယား အထိ အမေရိကန်ကျောထောက်နောက်ခံပြု မဟာမိတ်များကို တိုက်ခိုက်နေပါတယ်။ အာရှမှာတော့ တရုတ်ရဲ့ ထွန်းသစ်လာမှုဟာ ပါဝါချိန်ခွင်လျှာကို ဆက်လက်ပြီး မတည်မငြိမ်ဖြစ်စေပါတယ်။


အဲဒီစိန်ခေါ်မှု တစ်ခုချင်းစီတိုင်းမှာ ပင်ကိုယ်ထူးခြားချက်များရှိပေမယ့် အဟန့်အတားနဲ့ သံခင်းတမန်ခင်းဆိုင်ရာ ဆန်းပြားရှုပ်ထွေးစွာ ရောနှောကိုင်တွယ်ဖို့ လိုအပ်မှုပုံမှာတော့ တူညီနေကြပါတယ်။ ဘိုင်ဒင်အစိုးရအနေနဲ့ စိန်ခေါ် ချက်များကို အားသွန်ခွန်စိုက် ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အစီအစဉ်များ ချမှတ်ခြင်း၊ မဟာမိတ်များ စုစည်းခြင်း၊ ဆန့်ကျင်ဘက်များနဲ့ စကားပြောဆိုခြင်းများကို တက်တက်ကြွကြွပြုလုပ်ခဲ့ပါတယ်။ အောင်မြင်မှုကတော့ အမေရိကန်အစိုးရကိုယ်တိုင် ချမှတ်ထားတဲ့မူဝါဒများကို အကောင်အထည်ဖော်နိုင်မှုနဲ့ တိုင်းတာရပါလိမ့်မယ်။ ကံမကောင်းလှစွာပဲ အဲဒီကိစ္စဟာ အခြားဧရာမဗျူဟာတွေထက်ပိုပြီး အမေရိကန်ပြည်တွင်းနိုင်ငံရေးအပေါ်မှာ မူတည်နေနိုင်ပါတယ်။

ဥရောပမှာ အမေရိကန်ဟာ ရုရှားရဲ့ရန်လိုမှုကို တိုက်ဖျက်ဖို့ အလေးပေးထားပါတယ်။ ဒါဟာ အပြောလွယ် သလောက် လုပ်ရခက်ခဲပါတယ်။ စစ်မဖြစ်မီကတည်းက ရုရှားဟာ ယူကရိန်းစီးပွားရေး အရွယ်အစားထက် ကိုးဆ ကြီးမားပြီး လက်ရှိလူဦးရေဟာ လေးဆနီးပါး ပိုများပါတယ်။ အဲဒီ အခြေခံမတူညီမှုဟာ ကိယက်ဗ်အနေနဲ့ ပိုမို စီမံခန့်ခွဲနိုင်တဲ့ စစ်ရေးဗျူဟာကို ဖော်ဆောင်ဖို့၊ တိုင်းပြည်ရဲ့နိုင်ငံရေးနဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့ ဖိအားပေး ခြင်းများနဲ့အတူ အနောက်နိုင်ငံများရဲ့ စစ်မှန်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာစေဖို့အတွက် စဉ်ဆက်မပြတ် အကြီးအကျယ် အကူအညီပေးခြင်းဖြင့်သာ ဆက်တိုက်ဖြေရှင်းနိုင်စရာရှိပါတယ်။

အရှေ့အလယ်ပိုင်းစိန်ခေါ်မှုကတော့ သံတမန်ရေးရာနယ်ပယ်ဟာ ခြိမ်းခြောက်ဟန့်တားခြင်းထက် ပိုမိုအလုပ်ဖြစ် ပါလိမ့်မယ်။ ဟားမတ်စ်တို့နဲ့ နှိုင်းယှဉ်ပါက အစ္စရေးဟာ အလုံးစုံသာလွန်ပါတယ်။ စစ်ရေးသဘောအရ ပြောရမယ် ဆိုရင် အစ္စရေးတို့ အပြတ်အသတ်အနိုင်ရမယ်ဆိုတာ ဘယ်လိုမှ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့်လည်း အစ္စရေးအနေနဲ့ ပင်လယ်ကွေ့အာရပ်နိုင်ငံများနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ မဟာမိတ်အသစ်များအဖြစ် ပိုမိုလုံခြုံတဲ့ နိုင်ငံ ဖြစ်လာဖို့ လိုအပ်ပါတယ်။ ပါလက်စတိုင်းလူမျိုး ၅ သန်းခန့်တို့ဟာ အစ္စရေးသိမ်းပိုက်ခံ နယ်မြေများမှာ နိုင်ငံရေး ဆိုင်ရာအခွင့်အရေးများနဲ့ ကိုယ်ပိုင်နိုင်ငံမရှိဘဲ နေထိုင်နေကြရတယ်ဆိုတဲ့ ပဋိပက္ခဖြစ်ရခြင်းအကြောင်းရင်းနဲ့ ရှောင်လွှဲမရနိုင်တဲ့အဖြစ်မှန်တရားကို ဖြေရှင်းပေးဖို့ အမေရိကန်အနေနဲ့ အစ္စရေးကို တောင်းဆိုရပါလိမ့်မယ်။

တရုတ်နိုင်ငံဟာ စိန်ခေါ်မှုများအနက် အကြီးမားဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှု တစ်ရပ်ကို ဖော်ဆောင်နေပြီး ရေရှည်အနေနဲ့ ကမ္ဘာကြီးဖွဲ့တည်ပုံကို ပုံဖော်ရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။ အဲဒီအချက်အရ လက်ရှိ ပွင့်လင်းနိုင်ငံတကာစနစ်ဟာ နျူကလီယာလက်နက်၊ အာကာသနဲ့ ဉာဏ်ရည်တုဆိုင်ရာ နည်းပညာနဲ့ လက်နက်ပြိုင်ဆိုင်မှုတို့နဲ့ အမှတ်အသားပြုထားတဲ့ ဒုတိယစစ်အေးတိုက်ပွဲအဖြစ် ပုံသဏ္ဍာန်ပြောင်းလဲလာဖို့ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ အဲဒီစိန်ခေါ်မှုအတွက် ဘိုင်ဒင်အစိုးရရဲ့ချဉ်းကပ်မှုဟာ သိမ်မွေ့ပါတယ်။ တစ်ဘက်မှာ ပေကျင်းနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးထူထောင်ဖို့ ကြိုးပမ်းနေစဉ် အခြားတစ်ဘက်မှာ ပြိုင်ဆိုင်မှုနဲ့ ဟန့်တားမှုနှစ်ခုလုံးကို ရောပြွန်း အလေးပေးထားပါတယ်။

မကြာသေးမီလများအတွင်း ဘိုင်ဒင်အစိုးရရဲ့ အဲဒီမဟာဗျူဟာဟာ အပြုသဘောဆောင်တဲ့ရလဒ်များ ထွက်ပေါ်နေ ပုံရပြီး အထူးသဖြင့် တရုတ်အစိုးရရဲ့ မကျေမနပ် အလျော့ပေးတဲ့ လေသံက ထင်ဟပ်နေပါတယ်။ ပေကျင်းရဲ့ စီးပွားရေးပြဿနာများနဲ့ ရှီကျင့်ဖျင် အခိုင်အမာဆုပ်ကိုင်ထားတဲ့ "ဝံပုလွေစစ်သည်တော်" သံခင်းတမန်ခင်းကြောင့် အာရှတစ်လွှားမှာ နာကြည်းမှုသာ အဖတ်တင်စေကြောင်း သဘောပေါက်လာတဲ့အတွက် အဲဒီလိုအပြောင်းအလဲ ဖြစ်ပေါ်လာရတယ်လို့ တစ်စိတ်တစ်ပိုင်းအားဖြင့် ယူဆနိုင်ပါတယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးနဲ့ သံတမန် ရေးရာကို တပြိုင်နက်တည်း လုပ်ဆောင်နေချိန်မှာ ခိုင်မာတဲ့အစီအမံများကို အကောင်အထည်ဖော်ခဲ့တဲ့ အမေရိကန်ရဲ့မူဝါဒကြောင့်လည်း အဲဒီတိုးတက်မှုထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။

နယ်ပယ်တစ်ခုစီမှာ ကောင်းမွန်စွာရေးဆွဲထားတဲ့မူဝါဒရှိပေမယ့် အမေရိကန်ပြည်တွင်းရေးဟာ တိုးတက်မှု အားလုံး ကို နှောင့်နှေးသွားစေနိုင်တဲ့ ပြတ်ပြတ်သားသားအဖြစ်မှန်အနေနဲ့ ဘိုင်ဒင်အစိုးရက ရင်ဆိုင်နေရပါတယ်။ ယူကရိန်း အရေးမှာ ချီတုံချတုံဖြစ်ခြင်းကို အမေရိကန်က အသားပေးမယ်ဆိုရင် ဥရောပအတွက် အဖြေရှာခြင်းမှာလည်း အားနည်းသွားပါလိမ့်မယ်။ အနောက်နိုင်ငံတွေကို သူကျော်လွန်နိုင်တယ်လို့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ရဲ့ ဟောကိန်းထုတ်မှုတွေဟာ အတည်ဖြစ်လာပါလိမ့်မယ်။ အမေရိကန်နဲ့ ဥရောပမဲဆန္ဒရှင်တွေဟာ ယူကရိန်းအပေါ် ထောက်ခံဆဲဖြစ်ပေမယ့် အမေရိကန်ကို အထီးကျန်အဖြစ် နေလိုတဲ့ သဘောထားများ မြင့်တက်လာနေခြင်းဟာ အသစ်စက်စက် စိန်ခေါ်မှုဖြစ်လာပါတယ်။

ယူကရိန်းကို သူမကြိုက်ကြောင်း၊ ပူတင်ကို သဘောကျနှစ်ခြိုက်မှုနဲ့ပတ်သက်ပြီး ဟောဟောဒိုင်းဒိုင်းပြောချနေတဲ့ ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းရန် ရီပတ်ဘလစ်ကင်ပါတီက အဆင်သင့်ဖြစ်နေ ပါတယ်။

အရှေ့အလယ်ပိုင်းမှာလည်း အမေရိကန်ရဲ့ပံ့ပိုးကူညီမှုနဲ့ အကြံဉာဏ်အားလုံးကို တွန်းလှန်ရာမှာ အလွန်ကျွမ်းကျင် တဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ဂျိုးဘိုင်ဒင်က ရင်ဆိုင်နေရပါတယ်။ ၁၉၉ဝ ပြည့်လွန် နှစ်များ အတွင်း အော်စလိုသဘောတူညီချက်များ လက်ထက်ကတည်းက နေတန်ယာဟုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမှန်တကယ် အကောင်အထည်ဖော်နေပြီး အခြားတစ်ဖက်မှာလည်း ဟန်ဆောင်ပန်ဆောင်လုပ်ဖို့ နည်းလမ်းများ ကို ရှာဖွေခဲ့သူဖြစ်ပါတယ်။ နောက်ဆုံးတော့ ဝါရှင်တန်က သူ့ကို ဖိအားပေးဖို့ ကြိုးစားခဲ့ရပါတယ်။ အမေရိကန်ရဲ့ ဖိအားများကို ရင်ဆိုင်ရာမှာ နေတန်ယာဟုဟာ ကွန်ဂရက်လွှတ်တော်ရဲ့အဆုံးအဖြတ်ကို တိုက်ရိုက်ရယူပြီး သမ္မတ ဘားရတ်အိုဘားမားကို ရှောင်တိမ်းသွားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကို မြင်တွေ့ဖူးတဲ့ ဘိုင်ဒင်အစိုးရဟာ အစ္စရေးကို ကွဲပြားတဲ့နည်းလမ်းနဲ့ ချဉ်းကပ်ပုံရပါတယ်။ အစ္စရေးအပေါ် သြဇာညောင်းဖို့ တိုက်ရိုက်ဖိအားပေးကို မှီခိုမယ့်အစား အာရပ်နိုင်ငံများ၊ အထူးသဖြင့် ဆော်ဒီ အာရေးဗီးယားကို ဆွဲထည့်ဖို့ ကြိုးပမ်းပုံရပါတယ်။ အဲဒီအရွှေ့ဖြစ်ပေါ်ဖို့အတွက် ပါဝင်ပတ်သက်နေတဲ့ ကွဲပြားမှူ များကို အသိအမှတ်ပြုဖို့ နဲ့ ဒေသရဲ့ရှုပ်ထွေးတဲ့လှုပ်ရှားမှုများကို ကိုင်တွယ်ဖို့ မဟာဗျူဟာမြောက်ကြိုးပမ်းမှုလို့ ဆို နိုင်ပါတယ်။

ဘိုင်ဒင်အစိုးရရဲ့ဟန်ချက်ညီ ချဉ်းကပ်မှုရဲ့ ထိရောက်မှုရလဒ်ဟာ တရုတ်နိုင်ငံနဲ့ သံတမန်ရေးအရ ဆက်ဆံရေး၊ အမေရိကန်ရဲ့ပြည်တွင်းမူဝါဒ တည်ငြိမ်မှုအပေါ် မူတည်နေပါတယ်။ အဲ့ဒီနှစ်ခုဟာ အတိအကျ ရောနှောနေပေမယ့် တရုတ်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံရေးမှာ ပျံ့နှံ့နေတဲ့ ခံယူချက်သဘောထားတွေဟာ ပေကျင်းကို ဝေဖန်ရာမှာ ညှာတာနေပုံမရပဲ အကြီးအကျယ် ရန်လိုနေဆဲဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အောက်လွှတ်တော် ကော်မတီဟာ ပေကျင်းအပေါ် အခွန်အကောက်များ အပါအဝင် ပိုမိုတင်းကျပ်တဲ့အစီအမံများကို မကြာသေးမီက အဆိုပြုခဲ့ပါတယ်။ အဲဒီအစီအစဉ်ကြောင့် လာမယ့် ငါးနှစ်အတွင်း အမေရိကန်စီးပွားရေးကို ဒေါ်လာ ၁.၉ ထရီလီယံ အထိ ထိခိုက်စေနိုင်ရုံမက ကမ္ဘာ့စီးပွားရေးမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

လတ်တလောကာလ ဝါရှင်တန်နိုင်ငံခြားရေးကဏ္ဍတွင် မီးမောင်းထိုးပြထားတဲ့အတိုင်းဆိုလျှင် စည်းမျဉ်းအခြေခံ နိုင်ငံတကာဖွဲ့တည်မှုအပေါ် ခြိမ်းခြောက်မှုမှာ တရုတ်၊ ရုရှား မဟုတ် အီရန်လည်းမဟုတ်ပဲ အမေရိကန် ကိုယ်တိုင်မှ ထွက်ပေါ်လာခြင်းဖြစ်နေပါတယ်။ စိုးရိမ်စရာကောင်းတာက တကယ်လို့ အမေရိကန်က ပျက်ကွက်ခဲ့လျှင် အဲဒီ ဒေသတစ်ခုချင်းစီမှာ ရန်လိုမှုနဲ့ မငြိမ်မသက်မှုများ မြင့်တက်လာနိုင်ပါတယ်။ လာမယ့် ဆယ်စုနှစ်များအ တွင်း ကမ္ဘာ့အခင်းအကျင်းကို ပုံဖော်နေတဲ့ အမေရိကန်လွှတ်တော်နှစ်ရပ်အတွင်း ပါတီကြီးနှစ်ရပ်အကြား အမြင်မတူညီမှု များ နဲ့ ကွဲပြားတဲ့နိုင်ငံရေးအယူအဆရဲ့ ဂယက်ရိုက်ခတ်မှုများကို ၂ဝ၂၄ ခုနှစ် တစ်လျှောက်လုံး မြင်တွေ့ရနိုင်ပါ တယ်။

#ကမ္ဘာကြီးဖွဲ့တည်ပုံ #စည်းမျဉ်းအခြေခံနိုင်ငံတကာစနစ် #ယူကရိန်း #ရုရှား #အရှေ့အလယ်ပိုင်း #အစ္စရေး #တရုတ် #ဆော်ဒီအာရေးဗီးယား #ဒုတိယစစ်အေးတိုက်ပွဲ #ဝံပုလွေစစ်သည်တော်_သံခင်းတမန်ခင်း

(Washington Post., 15 December 2023,” In 2024, U.S. domestic politics will cast a dark shadow across the world” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်တွေမြို့ ဗျူးပွိုင့်ကမ်းခြေတွင်အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved