Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေး တောင်းဆိုဆန္ဒပြသူ ၈ဝ ဦးကို အမေရိကန်အစိုးရ စွဲချက်တင်

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၉ 

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့ အစိုးရရှေ့နေတွေဟာ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့သူ ၈ဝ ဦးကို စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ 


ဆန်ဖရန်စစ်စကိုမြို့ တံတားကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ခြင်းကြောင့် လူပေါင်း ၈ဝ ကျော်ကို စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆန်ဖရန်စစ်စကိုမြို့ဟာ ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်တဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကျင်းပခဲ့တဲ့မြို့ဖြစ်ပါတယ်။ 

ဆန်ဖရန်စစ်စကိုမြို့ရှေ့နေတွေက အဲဒီသူတွေဟာ လမ်းတွေကို ပိတ်ဆို့တားဆီးခြင်း၊ ဥပဒေနဲ့မညီတဲ့ ဆန္ဒပြပွဲများပြုလုပ်ခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြဖို့တောင်းဆိုချက်တွေကို ငြင်းဆန်ခြင်း စတဲ့အချက်တွေကို ကျူးလွန်ခဲ့ကြောင်း ဆိုပါတယ်။


အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဆန်ဖရန်စစ်စကိုမြို့မှာ ပါလက်စတိုင်းလိုလားတဲ့ပြည်သူတွေဟာ “ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲစေလိုကြောင်း၊ ပါလက်စတိုင်း ပြည်သူတွေ လွတ်မြောက်ပါစေ” စတဲ့ ကြွေးကြော်သံတွေကိုကြွေးကြော်ပြီး လမ်းတွေကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

ပါလက်စတိုင်းပြည်သူများအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Aisha Nizar  စွဲချက်တင်ခံရသူတွေထဲမှာ ပါဝင်ခဲ့ပေမယ့် ဆန္ဒပြမှုတွေကို ရပ်တန့်သွားမှာမဟုတ်ကြောင်း၊ ဂါဇာဒေသ  အပစ်ခတ်ရပ်စဲရေးကို ယခင်ထက် ပိုမိုတောင်းဆိုသွားမှာဖြစ်ကြောင်း ပြောပါတယ်။


အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အောက်တိုဘာ ၇ ရက်မှ စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာတဝန်းရှိ မြို့ကြီးတွေမှာ အပစ်ခတ်ရပ်စဲရေးတောင်းဆိုဆန္ဒပြခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁၄ဝဝ နီးပါး သေဆုံးခဲ့ပြီးနောက် အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းနိုင်ဖို့ ဂါဇာဒေသကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၉ဝဝဝ နီးပါး သေဆုံးထားကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော Benda 500 နှင့် Sara Suspension အပါအဝင် ဆေး(၄)မျိုးကို ‌ရောင်းချမှုများရှိနေဟု FDA သတိပေး

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved