Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲရေး အမြန်ဆုံးရယူနိုင်ဖို့ ဗြိတိန် နဲ့ ဂျာမနီအစိုးရ တိုက်တွန်းတောင်းဆို

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၈ 

ဗြိတိန်အစိုးရနဲ့ ဂျာမနီအစိုးရတို့ဟာ ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲရေးအတွက် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်း နဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဘာဘော့စ့်တို့ဟာ ဂါဇာဒေသစစ်ပွဲ အတွင်းမှာ အရပ်သားတွေ သေဆုံးမှုအရေအတွက်က အလွန်များနေတယ်လို့ ဆိုပါတယ်။ အဆိုပါ  ဂျာမနီ နိုင်ငံခြား ရေးဝန်ကြီး နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဗြိတိန်အခြေစိုက် Sunday Times သတင်းစာမှာ ပူးတွဲဖော်ပြတဲ့ ဆောင်းပါးမှာ အခုလိုမျိုးရေးသားဖော်ပြခဲ့တာဖြစ်ကြောင်း သိရပါတယ်။


၎င်းတို့နှစ်ဦး ရေးသားတဲ့ဆောင်းပါးထဲမှာ "စစ်ပွဲအတွင်းမှာ အရပ်သားတွေ သေဆုံးတာများနေတယ်။ ဟားမက်စ် အဖွဲ့ကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးကို အပြောင်းလဲဖြစ်အောင်လုပ်ဆောင်ရမယ်။ ရေရှည်တည်တံ့တဲ့ အပစ်ခတ် ရပ်စဲရေးရယူဖို့လည်း လိုအပ်တယ်" လို့ ထည့်သွင်းတောင်းဆိုရေးသားခဲ့ပါတယ်။ 

ဒါ့အပြင် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ရေရှည်တည်တံ့တဲ့ အပစ်ခတ်ရပ်စဲရေးကို အမြန်ဆုံးရရယူမှာဖြစ်ပြီး အပစ်ခတ် ရပ်စဲရေးရယူနိုင်ဖို့ဖြစ်နိုင်ဖွယ်ရှိတဲ့အရာအားလုံးကို လုပ်ဆောင်သွားမယ်လို့လည်း ဂျာမနီ နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ 


ဗြိတိန်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး နိုင်ငံအများစု မဲပေးထောက်ခံခဲ့ပြီး ဗြိတိန်နိုင်ငံက ကြားနေမဲသာပေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ဂါဇာဒေသကို တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း ကတည်းက မဟာမိတ်နိုင်ငံတွေရဲ့ဖိအားတွေ နဲ့ ရင်ဆိုင်လာရကြောင်း သိရပါတယ်။

အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၁၈ဝဝဝ ကျော် သေဆုံးထားကြောင်း ဆိုပါတယ်။ ဒါပေမယ့် အစ္စရေးအစိုးရက သေဆုံးခဲ့တဲ့ ပါလက်စတိုင်းတွေထဲမှာ ဟားမက်စ်အဖွဲ့ဝင်တွေလည်း ပါဝင်နေကြောင်း ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နမ့်ဆန်မြို့ရှိ တပ်မတော်၏ ဗျူဟာကုန်းကို TNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်ပြီးနောက် ရရှိခဲ့သော လက်နက်ခဲယမ်းများကို ထုတ်ပြန်လာ

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved