Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားသမ္မတပူတင်အနေနဲ့ လာမယ့်သမ္မတရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်သာ ပါဝင်ယှဉ်ပြိုင်မယ်

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၇ 

ရုရှားသမ္မတပူတင်ဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု ယှဉ်ပြိုင်မှာမဟုတ်ဘဲ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံအစိုးရအဖွဲ့မှာ နှစ်ပေါင်း ၂ဝ ကျော်ကြာ သမ္မတ နဲ့ ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး လာမယ့် နှစ် မတ်လမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ဖို့ စီစဉ်နေကာ အနိုင်ရဖို့မျှော်လင့်နေကြောင်း သိရပါတယ်။


ပူတင်ဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့ပါက သမ္မတအဖြစ် နောက်ထပ် ၆ နှစ်သက်တမ်း ထပ်မံ တာဝန်ယူခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ အာဏာရပါတီဖြစ်တဲ့  United Russia (UR) ပါတီရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပူတင်ဟာ ပါတီကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ပြောပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိ ပူတင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားလာများနေကြောင်း ပူတင်ကို အားပေးထောက်ခံသူတွေက ပြောပါတယ်။ ရုရှားသမ္မတပူတင်ဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် စီးပွားရေး ထိခိုက်ပျက်စီးမှုများစွာတွေ့ကြုံခဲ့ရတဲ့ ရုရှားနိုင်ငံကို ကမ္ဘာ့အလယ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာစေဖို့ စစ်ရေးနဲ့ စီးပွားရေးကောင်းမွန်စေအာင် အဓိကကြိုးပမ်းခဲ့သူဖြစ်ရာ လူကြိုက်များနေကြောင်း သိရပါတယ်။

ရုရှားသမ္မတပူတင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ စည်းကမ်းများ ကြိုတင်ထုတ်ပြန်ပြီး ကန့်သတ်မှုများ လုပ်ဆောင်နေကြောင်း ဝေဖန်မှုများလည်း ရှိနေပါတယ်။ လာမယ့်နှစ် မတ်လအတွင်း ကျင်းပမယ့် ရုရှားသမ္မတရွေးကောက်ပွဲကို သုံးရက်ဆက်တိုက် ကျင်းပသွားမှာဖြစ်ပြီး လွတ်လပ်ပွင့်လင်းမှု ပိုမိုဖြစ်စေအောင်လုပ်ဆောင်မယ်လို့ ရုရှားရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတစ်ဝန်း မှတ်ပုံတင်ထားသည့်ယာဉ်အစီးရေ ၆ ဒသမ ၄ သန်းကျော်ရှိပြီး EV ကားအစီးရေ (၁၅ဝဝ)ကျော်အထိ တိုးမြင့်လာ

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved