မျိုးတုံးလုနီးပါးဖြစ်နေတဲ့ လင်းယုန်ငှက်တွေကို သတ်ဖြတ်ပြီး ရောင်းချခဲ့တဲ့ အမေရိကန်နိုင်ငံသားနှစ်ဦး စွဲချက်တင်ခံထားရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၆
အမေရိကန်မှာ မျိုးတုံးလုနီးပါးဖြစ်လို့ ထိန်းသိမ်းရေး စာရင်းဝင်ထားတဲ့ လင်းယုန်ငှက်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး မှောင်ခိုစျေးမှာ ရောင်းချခဲ့တဲ့ ဆိုင်မွန်ပေါလ် နဲ့ ထရာဗစ်ဂျွန်ဘရန်ဆန် တို့ နှစ်ဦးကို Lacey အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ဒီဇင်ဘာလ ၇ ရက်က မွန်တာနားရှိ အမေရိကန်ခရိုင်တရားရုံးမှာ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ ၁၉၀၀ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့တဲ့ Lacey အက်ဥပဒေအရ တောရိုင်းတိရစ္ဆာန်တွေ၊ ငါးတွေ သို့မဟုတ် အပင်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းအတွက် ပြင်းပြင်းထန်ထန် အရေး ယူနိုင်ပါတယ်။ ဆိုင်မွန်ပေါလ်နဲ့ ထရာဗစ်ဂျွန်ဘရန်ဆန်တို့ နှစ်ဦးဟာ အနောက်မွန်တာနား Flathead Indian Reservation ရှိ Flathead Indian Reservation မှာ ၂၀၁၅ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေလင်းယုန်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချမှု၊ ရောင်းချဖို့ ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲထားပါတယ်။ ၎င်းတို့ နှစ်ဦးအနက် ဘရန်ဆန်က ဝါရှင်တန်မှ မွန်တားနားကို သွားကာ ရွှေလင်းယုန်တွေကို အမဲလိုက်ပြီး Flathead Indian Reservation မှာ နေထိုင်တဲ့ ပေါလ်က ဝယ်ယူသူတွေကို တဆင့်ပြန် ရောင်းချတယ်လို့ သိရပါတယ်။
လင်းယုန်ကာကွယ်ရေး အက်ဥပဒေအရ ရွှေလင်းယုန်တွေ သို့မဟုတ် ၎င်းတို့ရဲ့ အစိတ်အပိုင်းတွေကို ခွင့်ပြုချက်မရှိဘဲ ရယူခြင်းကို တားမြစ်ထားပါတယ်။
၎င်းတို့ နှစ်ဦးကိုတော့ လာမယ့်နှစ် ဇန်နဝါရီလ ၈ ရက်မှာ ရုံးတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား-တရုတ်ဆက်ဆံရေးက ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ရုရှားသမ္မတထုတ်ဖော်ပြောဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ