ရုရှား-တရုတ်ဆက်ဆံရေးက ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ရုရှားသမ္မတထုတ်ဖော်ပြောဆို
Pika (NSS) - ဒီဇင်ဘာ ၁၆
ရုရှား-တရုတ်ဆက်ဆံရေးသည် ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် အဓိကအရေးကြီးသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ရုရှားနှင့်တရုတ်နိုင်ငံကြားဆက်ဆံရေးသည် စံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး နယ်ပယ်အများအပြားတွင် အောင် မြင်စွာ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သမ္မတပူတင်ကထပ်မံပြောဆိုခဲ့သည်။ ရုရှားနှင့်တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကြောင့် အခြားနိုင်ငံများကို ထိခိုက်စေခြင်းမျိုးမရှိစေရန်လည်း ရည်ရွယ်ထားကြောင်း ၎င်းကအလေးပေးပြောကြားခဲ့သည်။
သမ္မတပူတင်က "ရုရှား-တရုတ်ဆက်ဆံရေးဟာ မကြုံစဖူးအမြင့်ဆုံးသို့ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ နှစ်နိုင်ငံကြားဆက်ဆံရေးဟာ ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
နေတိုးအဖွဲ့သည် ၎င်း၏နယ်ပယ်များကို အာရှတိုက်သို့ ချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း သမ္မတပူတင်ကစွပ်စွဲပြောဆိုခဲ့သည်။ ၎င်းက"နေတိုးအဖွဲ့ဟာ အာရှနဲ့ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာ အာရှကိုနယ်ပယ်ချဲ့ထွင်ချင်နေကြပြီး ရန်စတဲ့လုပ်ရပ်တွေနဲ့ တင်းမာမှုတွေပိုမိုမြင့်တက်လာတာကို လိုလားနေကြပါတယ်၊၊ ဒါပေမယ့်လည်း ရုရှားနဲ့ တရုတ်တို့ဟာ ဒီလိုအပြုအမူတွေမှာ ပါဝင်မှာမဟုတ်ပါဘူး။ နှစ်နိုင်ငံလုံးဟာ စီးပွားရေး၊ စစ်ရေး နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်နေကြပေမယ့် အခြားနိုင်ငံတွေကို ထိခိုက်အောင်တော့ လုပ်ဆောင်မှာမဟုတ်ပါဘူး။ ဒါကကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက်ပါပဲ။ ဘယ်သူ့ကိုမှ ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး"ဟု ပြောဆိုခဲ့သည်။
တရုတ်နှင့်ရုရှားနိုင်ငံကြား ကုန်သွယ်မှုတိုးမြင့်လာခြင်းများကို သမ္မတ ပူတင်က ထောက်ပြပြောဆိုခဲ့ပြီး နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၂၂၀)ဘီလီယံမှ (၂၃၀)ဘီလီယံအထိ (၃၀)ရာခိုင်နှုန်းခန့် တိုးမြင့်လာမည်ဟုခန့်မှန်းထားကြောင်းလည်း ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ဟာ အခြေခံအဆောက်အဦးဆိုင်ရာ ဆက်ဆံရေးနယ်ပယ်တွေမှာ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပါတယ်။ တံတားတွေ၊ လမ်းတွေကို တည်ဆောက်နေပြီး နည်းပညာမြင့်နယ်ပယ်တွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်နေပါတယ်။"ဟု သမ္မတ ပူတင်က ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို ကာကွယ်ရန်အတွက် စစ်ရေးမဟာဗျူဟာများပြောင်းလဲရန် အစ္စရေးကို ဂျာမနီအစိုးရတောင်းဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း