ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို ကာကွယ်ရန်အတွက် စစ်ရေးမဟာဗျူဟာများပြောင်းလဲရန် အစ္စရေးကို ဂျာမနီအစိုးရတောင်းဆို
Pika (NSS) - ဒီဇင်ဘာ ၁၆
ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ရန် နှင့် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အတွက် စစ်ရေးမဟာဗျူဟာများကို ပြောင်းလဲရန် အစ္စရေးကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ဒီဇင်ဘာလ (၁၅)ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။
Annalena Baerbock က "ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အရပ် သားတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ရပါမယ်"ဟု ပြောဆိုခဲ့သည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock သည် လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး Abdallah Bou Habib နှင့်အတူ ဘာလင်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့ လက်နက်ချရန် နှင့် ဂါဇာကမ်း မြောင်ဒေသတွင် ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ရေးအတွက် လုပ်ပိုင်ခွင့်အားလုံးကိုအသုံးပြုကာ ကူညီပေးရန် အာရပ်နိုင်ငံများအားလုံးကို ဂျာမနီအစိုးရက တောင်းဆိုခဲ့ကြောင်း Annalena Baerbock ကပြောကြားခဲ့သည်။ ထို့ပြင် အီရန်ကျောထောက်နောက်ခံပြုဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အခြားစစ်သွေးကြွအဖွဲ့များအားလုံးကို အစ္စရေးနှင့်လက်ဘနွန်နယ်စပ်မှ ဆုတ်ခွာပေးရန် ဂျာမနီနိုင်ငံ ခြားရေးဝန်ကြီး Annalena Baerbock ကတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာလ (၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အစ္စရေးဘက်မှလူ(၁၂၀၀)ကျော်သေဆုံးခဲ့ကြောင်းသိရသည်။ အလားတူ အစ္စရေးဘက်မှလည်း ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ထောင်နှင့်ချီသော ကလေးငယ်များအပါအဝင် ပါလက်စတိုင်းလူမျိုး (၁၈၇၀၀)ကျော်သေဆုံးခဲ့ပြီး အခြားလူ(၅၀၀၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ရန်လိုလားနေ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း