ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ရန်လိုလားနေ
Pearl (NSS) - ဒီဇင်ဘာ ၁၆
ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လိုကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဒေါက်တာဇော်ဝင်းက ပြောကြားထားသည်။
၎င်းက ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်)တွင် ကျင်းပသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာန၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်းအား မွမ်းမံရေးဆွဲခြင်းစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အထက် ပါကဲ့သို့ ပြောကြားထားခြင်းဖြစ်သည်။
ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား နိုင်ငံတကာအကူအညီများဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏စွမ်းအားဖြင့် ဆောင် ရွက်နိုင်လျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ကော်မတီဝင် ဒေါက်တာဇော်ဝင်းက ပြောကြားသည်။
အလားတူ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ရှိပြီးသားမြို့ပြရထားလမ်းများနှင့် ဘူတာရုံများအား အဆင့်မြှင့်တင်ရန် နှင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ်ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လိုကြောင်း ၎င်းက ဆက်လက် ပြော သည်။
ထို့ပြင် ခေတ်စနစ်များပြောင်းလဲလာမှုနှင့်အညီ ရန်ကုန်မြို့ကို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်ရေးဆောင်ရွက်ရန် နှင့် ရန်ကုန်မြို့သည် တိုးတက်သင့်သလောက် မတိုးတက်သဖြင့် တိုး တက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရန် ၎င်းက တိုက်တွန်းပြောကြားထားသည်။
ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရန် ရေးဆွဲထားပြီးဖြစ်သည့် Plan များအားအကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် ရန်ကုန်မြို့၏ Green ဧရိယာအား တစ်ဖြည်းဖြည်း တိုးချဲ့ဖော်ဆောင်ရန်လည်း ၎င်းက ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးက ထိုးစစ်ဆင်မှုများအတွင်း နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်ဆိုးဒေါသဖြစ်မှုများကိုသာရရှိခဲ့ကြောင်း ဟစ်ဘိုလာလက် နက်ကိုင်အဖွဲ့ပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း