အစ္စရေးက ထိုးစစ်ဆင်မှုများအတွင်း နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်ဆိုးဒေါသဖြစ်မှုများကိုသာရရှိခဲ့ကြောင်း ဟစ်ဘိုလာလက် နက်ကိုင်အဖွဲ့ပြော
Pika (NSS) - ဒီဇင်ဘာ ၁၆
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်မှုများလုပ်ဆောင်ရာတွင် အောင်မြင်မှုတစ်ခုမှ မရရှိခဲ့ဘဲ နိုင်ငံတ ကာအသိုင်းအဝိုင်း၏ စိတ်ဆိုးဒေါသဖြစ်မှုများကိုသာ ရရှိခဲ့ကြောင်း လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Haji Mohammad Afif က ပြောကြားခဲ့သည်။
အဆိုပါထိုးစစ်ဆင်မှုများအတွင်း အစ္စရေးစစ်တပ်သည် ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ် အောင်နိုင်ခြင်းမျိုးမရှိသေးကြောင်းနှင့် ၎င်းတို့ရရှိခဲ့သော တစ်ခုတည်းသော အောင်မြင်မှုသည် ကြီးမားသော ပျက်စီးမှုများနှင့် အရပ်သားများသေဆုံးခြင်းတို့သာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ အစ္စရေးက ဂါဇာကမ်း မြောင်ဒေသအပေါ် မြေပြင်ထိုးစစ်ဆင်မှုများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်နေချိန်တွင် Haji Mohammad Afif ၏မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းက "ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အစ္စရေးကို ကမ္ဘာကြီးက ဘယ်လိုမြင်လဲဆိုတဲ့ သက်ရောက်မှုတွေရှိလာပါလိမ့်မယ်။ ဒီအချိန်မှာ အစ္စရေးကို အမှန်တကယ်ထောက်ခံတဲ့ နိုင်ငံမှာ အမေရိကန်နိုင်ငံပဲရှိပါတယ်။ ဒါက လက်တွေ့မှာအစ္စရေးဟာ အထီး ကျန်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာကို ပြသနေတာပါ။အစ္စရေးလုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာကြီးရဲ့တုံ့ပြန်မှုတွေက လျစ်လျူရှုဖို့ ခက်ခဲပါတယ်"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် အစ္စရေး၏ထိုးစစ်ဆင်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေ သသည် လူသားများအတွက် နေထိုင်ရန်သင့်တော်သောနေရာတစ်ခု မဟုတ်တော့ကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင် ရာ ကုလသမဂ္ဂ၏ကယ်ဆယ်ရေးနှင့်အလုပ်အေဂျင်စီ (UNRWA) အကြီးအကဲ Philippe Lazzarini က ဒီဇင်ဘာလ(၁၄)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ Philippe Lazzarini က"ကျွန်တော်ဂါဇာကမ်းမြောင်ဒေသကို တစ်ခေါက်ပြန်သွားတိုင်း ဒီထက်ပိုမဆိုးနိုင်တော့ဘူးလို့ အမြဲတွေးခဲ့ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာတွေ၊ ကြေကွဲစရာတွေကို မြင်ရတဲ့အခါတိုင်း ဂါဇာကမ်းမြောင် ဒေသဟာ နေထိုင်ဖို့သင့်လျော်တဲ့ နေရာတစ်ခုမဟုတ်တော့ဘူးဆိုတဲ့ ခံစားချက်တွေရှိလာပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေနဲ့ ဝိုင်းရံထားမှုတွေ ချက်ချင်းရပ်တန့်သင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွေးရာပါချို့ယွင်းမှုကြောင့် ဦးခေါင်းအလေးချိန် ၄၅ ကီလိုဂရမ်ရှိတဲ့ (၃)နှစ်အရွယ် မလေးရှားကလေးငယ်သေဆုံး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း