မော်လမြိုင်မြို့တွင် မီးအားမြှင့်စက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်လုံးမီးလောင်ဆုံးရှုံး
သန့်ဇင်(NSS) - ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မီးအားမြှင့်စက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ဘိုဘိုဝင်း အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်)၊ ည ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ရော်ဘာခြံ(၂)လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တဲ့ အိမ်က ကားတို့ ဆိုင်ကယ်တို့ ကူရှင်တွေနဲ့ ဆိုဖာတွေချုပ်လုပ်တဲ့ ဆိုင်ပေါ့။ အိမ်ပိုင်ရှင်အမျိုးသားက မီးအားမြှင့်စက်သုံးရင်း စက်က overload ဖြစ်ပြီး မီးထလောင်တာ။ တစ်အိမ်လုံးလောင်သွားတာ”ဟု ဘိုဘိုဝင်းအရေးပေါ်ကူညီကယ် ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုတွင် အသက်(၅၀)ခန့်အရွယ်ရှိ အိမ်ပိုင်ရှင်အမျိုးသားသည် မီးလောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့် အပြင် (၂)ထပ် အိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“မီးလောင်တာက အဲဒီတစ်အိမ်တည်းလောင်တာ။ အကုန်လုံးလောင်သွားတာ။ အိမ်ပိုင်ရှင်အမျိုးသားကလည်း အိမ်ထဲက ပိုက် ဆံတွေ ဆွဲထုတ်ရင်းနဲ့ ညာဘက်လက်မောင်းနဲ့ ရင်ဘတ်မှာမီးဟတ်သွားတယ်။ ရပ်ကွက်ကလူတွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့လို့သာ ဘေးအိမ်တွေ မကူးခဲ့တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား အေးမြကြည် လင်အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ မော်လမြိုင်မြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အိမ်ပိုင်ရှင် အမျိုးသားအား မီးပေါ့ဆမှုဖြင့် သက်ဆိုင် ရာက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခွင့်ပြုချက်ဖြင့် ဖွင့်ထားသော ကာစီနိုလောင်းကစားရုံများ၌ မြန် မာနိုင်ငံသားများ ဝင်ရောက်ကစားပါက အရေးယူမည့် လုပ်ထုံး လုပ်နည်းကို နစက ပြဋ္ဌာန်းထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ