လားရှိုးမြို့၌ အိမ်စီးကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုး သမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်တွင် အိမ်စီးကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း ကမ်းလင့်လက်များဆုံဆည်းရာပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၁၅ ရက်)၊ ညနေ ၅ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းရော်သွားကားလမ်း၊ နားဖကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“သိန်းနီမြို့ဘက်ကနေ လားရှိုးမြို့ဘက်ကိုလာတဲ့ TOYOTA ကားက လမ်းမှာဘီးပေါက်ပြီးမှောက်တာ။ မျက်မြင်တွေပြောပုံအရတော့ ကားက ၃၊ ၄ ပတ်လောက်လိမ့်သွားတယ်လို့ပြောကြတယ်။ မိသားစုကားပေါ့” ဟု ကမ်းလင့်လက်များဆုံဆည်းရာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် လူ(၅)ဦးအနက် အမျိုးသမီးတစ်ဦးသည် ဦးခေါင်းထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာက ယာဉ်မောင်းအပါအဝင်(၅)ဦးပေါ့။ အဲဒီအထဲကမှ အမျိုးသမီးတစ်ဦးက နေရာတင်ဆုံးသွားတာ။ ရုပ်ကတော်တော်ပျက်နေတော့ အသက်တောင်ခန့်မှန်းလို့မရခဲ့ဘူး။ ကျန် (၃)ဦးလည်း ထိခိုက်ဒဏ်ရာတွေရတယ်။ အဲဒီလမ်းက လမ်းကြမ်းတော့ ခုလိုမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ကမ်းလင့်လက်များဆုံဆည်းရာပရဟိအသင်းမှ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့တွင် မီးအားမြှင့်စက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်လုံးမီးလောင်ဆုံးရှုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ