သီပေါမြို့နယ်၌ တောင်ယာခင်းထဲသွားသည့် အမျိုးသား (၂)ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ
စော(NSS) - ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၌ တောင်ယာခင်းထဲသွားသည့် အမျိုးသား (၂)ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၁၅ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်း ကျင်အချိန်တွင် သီပေါမြို့နယ်၊ မန်ဟဲကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က တောင်ယာမှာ စပါးသွားပုတ်တာပါ။ သွားရင်းနဲ့ မိုင်းနင်းမိတာပေါ့။ အခုလောလောဆယ်တော့ လားရှိုးဆေးရုံကို လွှဲလိုက်ပါပြီ။ တစ်ယောက်တော့ ဆီးခုံထိတာဆိုတော့ စိုးရိမ်ရတာပေါ့”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မိုင်းထိမှန်သည့် အမျိုးသားနှစ်ဦးသည် အသက် (၄၀)ဝန်းကျင်အရွယ် နှင့် အသက်(၅၀)ဝန်းကျင်အရွယ်တို့ဖြစ်ကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးအား သီပေါဆေးရုံမှတစ်ဆင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့လယ်ရှိ ဘာသာရေးကျောင်းတစ်ခု၌ ကလေးငယ်အချို့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့်သတင်းပျံ့နှံ့နေပြီး စစ်ဆေးအရေးယူခြင်းမျိုး မတွေ့ရသေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ