(၂၃) လတာ ကာလအတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ် ဘီလီယံ (၂၀၀) နီးပါး ဖမ်းဆီးရမိ
Pearl (NSS) - ဒီဇင်ဘာ ၁၅
(၂၃)လတာ ကာလအတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ် ဘီလီယံ (၂၀၀) နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ အချက်အလက်များအရ သိရသည်။
အဆိုပါဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိအမှုတွဲ ၄၂၃၂ မှု ၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅ ဒသမ ၀၅၆ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖမ်းဆီးရမိအမှုတွဲ ၅၇၅၃ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၇ ဒသမ ၄၄၇ ဘီလီယံဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် (၂၃) လတာ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲပေါင်း ၉၉၈၅ မှုနှင့် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၂ ဒသမ ၅၀၃ ဘီလျံရှိကြောင်း သိရသည်။
ထိုသို့တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံအတွက်ရရှိမည့် အခွန်အခများဆုံးရှုံးခြင်း၊ နိုင်ငံတော်ဘဏ်စနစ် နှင့် ငွေကြေးစီးဆင်းမှုစနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း မတည် ငြိမ်မှုဖြစ်နိုင်ခြင်း နှင့် တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်မှုများ ဈေးကွက်ယှဉ် ပြိုင်နိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း သိရသည်။
ထို့ပြင် တရားမဝင်တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင် အတုအပများ၊ သက်တမ်းလွန်ကုန်စည်များကြောင့် သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာနိုင်သည့်အပြင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေနိုင်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Nord Stream ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခဲ့သောနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ရန် အလားအလာအများဆုံးရှိနေဟု ရုရှားသမ္မတပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ