Nord Stream ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခဲ့သောနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ရန် အလားအလာအများဆုံးရှိနေဟု ရုရှားသမ္မတပြော
Pika (NSS) - ဒီဇင်ဘာ ၁၅
Nord Stream သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲခဲ့သူမှာ အမေရိကန် (သို့မဟုတ်) ၎င်း၏ အမိန့်အတိုင်း လိုက်နာသူတစ်ဦးဦးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း ရုရှားသမ္မတပူတင်က ဒီဇင်ဘာလ(၁၄)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Nord Stream 1 နှင့် 2 သဘာဝဓါတ်ငွေ့ပိုက်လိုင်းများသည် ရုရှား နှင့် ဂျာမနီတို့ကို ဆက်သွယ်ထားသော သီးခြားလမ်းကြောင်း နှစ်ခုရှိကြောင်း သိရသည်။ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလက ဒိန်းမတ်နိုင်ငံ Bornholm ကျွန်းအနီးတွင် ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး လိုင်း(၄)ခုအနက် သုံးခု ပျက်စီးခဲ့ကာ ရုရှားနှင့် ဂျာမနီတို့၏ တိုက်ရိုက်စွမ်းအင်ဆက်ဆံရေးကို ပြတ်တောက်စေခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ဂျာမနီနိုင်ငံသည် ၎င်း၏ စီးပွားရေးလုပ်ငန်းများအတွက် ပိုဈေးကြီးသော အမေရိကန်သဘာဝဓါတ်ငွေ့ရည်အပေါ် မှီခိုအားထားခဲ့ရကြောင်းလည်း သိရသည်။ ထို့အပြင် ဥရောပသမဂ္ဂသည် လက်ရှိကြုံတွေ့နေရသော ဓါတ်ငွေ့ထောက်ပံ့ရေးပြဿနာများအတွက် ၎င်းကိုယ်တိုင်တွင်သာ တာဝန်ရှိကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။
ပူတင် က "ဒီပြတ်တောက်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ရောင်းချမှုတွေ မပြုလုပ်တာဆိုတဲ့ အပြစ်ကိုပုံချဖို့ သူတို့ကြိုးပမ်းခဲ့ပါတယ်။ ဒါဟာ လုံးဝအဓိပ္ပါယ်မရှိပါဘူး။ ပိုလန်နိုင်ငံမှာရှိတဲ့ Yamal-Europe သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနဲ့ နီးကပ်နေတာ ကျွန်တော်တို့ မဟုတ်ပါဘူး။ အဲဒီဓါတ်ငွေ့ပိုက်လိုင်းနဲ့ နီးကပ်နေတာက ယူကရိန်းပါ။ Nord Stream 1 နဲ့ 2 သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေကို ကျွန်တော်တို့ မဖောက်ခွဲခဲ့ပါဘူး။ ဒီဖောက်ခွဲမှုကို အမေရိကန် ဒါမှမဟုတ် သူတို့ရဲ့အမိန့်အတိုင်းလိုက်နာသူတစ်ဦးဦးက လုပ်ဆောင်ခဲ့တာဖြစ်နိုင်ပါတယ်" ဟု ပြောခဲ့သည်။
Nord Stream သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသော်လည်း တရားခံအတိအကျကို ထုတ်ဖော်နိုင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အဆိုပါဖောက်ခွဲမှုကို ယူကရိန်းက ကြိုးကိုင်ထားခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိသလို အမေရိကန်နိုင်ငံက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါမြို့နယ်၌ တောင်ယာခင်းထဲသွားသည့် အမျိုးသား (၂)ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း